သင်က ဝက်ခြံခဏခဏ ပေါက်တတ်တယ် ဒါမှမဟုတ် အပြင်သွားခါနီးတိုင်း ဝက်ခြံထွက်တတ်တယ်ဆိုရင် ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ဝက်ခြံခဏခဏ ထွက်တတ်တယ်ဆိုရင် သင့်မှာ အသားအရေအတွက် ဂရုစိုက်မှု ဒီထက် ပိုလိုနေလို့ ဖြစ်ပါတယ်။ သင်က ဝက်ခြံခဏခဏ ဖြစ်တတ်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို လိုက်နာနိုင်ပါတယ်။

၁။ မျက်နှာမထိခင်

သင့်မျက်နှာက ထိလွယ်ရှလွယ်တဲ့ အရေပြားဆိုရင် မျက်နှာကို လက်နဲ့ ခဏခဏ ထိတာမျိုး မလုပ်သင့်ပါဘူး။ မျက်နှာမထိခင် လက်နှစ်ခါ ဆေးမယ်ဆိုပြီး ကိုယ့်ကိုကိုယ် စည်းကမ်းထားသင့်ပါတယ်။ မျက်နှာကို လက်နဲ့ မထိခင် လက်ကို Scrub တိုက်တာ ဒါမှမဟုတ် လက်သေချာဆေးတာ လုပ်ပေးသင့်ပါတယ်။

၂။ မျက်နှာသစ်တာ

မျက်နှာမှာ အဆီပြန်တာ များလွန်းရင်လည်း ဝက်ခြံပေါက်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ မျက်နှာ နှစ်ကြိမ် သစ်ပေးရပါမယ်။ နှစ်ကြိမ်ထက် လျှော့သစ်တာမျိုး မလုပ်သင့်ပါဘူး။

၃။ ဘတ်တီးရီးယား သတ်ပြီးသား မျက်နှာသုတ်ပဝါ

သင့်မျက်နှာသုတ်ပဝါကို ခဏခဏ မလျှော်တဲ့အခါ ဘတ်တီးရီးယား အလွယ်တကူ ပေါက်လွယ်ပြီး မျက်နှာမှာ ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် တစ်ခါသုံး တစ်ရှူးကို သုံးပြီး မျက်နှာသုတ်တာ ဒါမှမဟုတ် ပိုးသတ်ပြီးသား မျက်နှာသုတ်ပဝါ သုံးတာတွေ လုပ်သင့်ပါတယ်။

၄။ သင့်မိတ်ကပ်ပစ္စည်းတွေ

သင်က မိတ်ကပ် ခဏခဏ လိမ်းတတ်တဲ့ မိန်းကလေးဆိုရင် သင့်ရဲ့ Makeup Brush တွေ Sponge တွေကို တစ်ပတ်မှာ တစ်ခါ ဆေးပေးသင့်ပါတယ်။ ဒီပစ္စည်းတွေက ဖုန်ကပ်လွယ်ပြီး သင့်မျက်နှာပေါ် မသန့်တာတွေ တင်မိတဲ့အခါ ဝက်ခြံထွက်လွယ်တတ်ပါတယ်။

၅။ ခေါင်းအုံးစွပ်

ဝက်ခြံခဏခဏ ထွက်တတ်သူတွေအနေနဲ့ ကိုယ့်ခေါင်းအုံးစွပ်ကို ခဏခဏ လဲပေးသင့်ပါတယ်။ သုံးရက်နေ တစ်ခါလဲတာ၊ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်လဲတာတွေ လုပ်သင့်ပါတယ်။

၆။ သင့် Phone Screen ကို သုတ်ပေးပါ

သင်က ဖုန်းနဲ့ မျက်နှာ ခဏခဏ ထိပြီး ဖုန်းပြောတတ်သူဆိုရင် မျက်နှာထဲ ပိုးမဝင်အောင် သတိထားသင့်ပါတယ်။ ဖုန်းခဏခဏ ပြောရသူဆိုရင် ဖုန်း Screen ကို ပိုးသတ်ပေးသင့်ပါတယ်။ အရက်ပြန်နဲ့ တစ်ရှူးရောပြီး ဖုန်း Screen ကိုသုတ်တာမျိုး လုပ်သင့်ပါတယ်။

၇။ အသင့်စားအစားအသောက်တွေ

ကြက်ကြော်၊ အာလူးကြော် စတဲ့ အသင့်စား အစားအသောက်တွေကို လျှော့စားပေးသင့်ပါတယ်။ အသင့်စား အစားအစာတွေကို လုံးဝဖြတ်ပစ်တာမျိုး မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တာတွေပါ ထပ်တွဲစားတာမျိုးနဲ့ ကိုယ့်ကိုကိုယ် ပုံသွင်းသင့်ပါတယ်။

၈။ အိပ်ရေးဝအောင်အိပ်ပါ

ဝက်ခြံခဏခဏ ထွက်လွယ်သူဆိုရင် ကိုယ့်အိပ်ချိန်ကို ဆန်းစစ်သင့်ပါတယ်။ သင်က ညဘက် အိပ်တာနောက်ကျတတ်သူဆိုရင် ကိုယ့်အိပ်ချိန်ကို နဂိုထက် သတိထားပြီး ရှေ့တိုး အိပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar