ဆံပင်ပါးတဲ့သူတွေအတွက် ဆံပင်အုံပိုထူသလိုမျိုး ဖြစ်သွားစေမယ့် နည်းလမ်းကောင်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကပါးပြီး ကပ်ကပ်ကြီးဖြစ်နေတယ်၊ ဆံပင်ပုံမလှသလို ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းတွေကို ချက်ချင်းအသုံးချလိုက်ရုံပါပဲ။

ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးပဲ ခေါင်းဖြီးရင် ဆံပင်က ပိုပါးကပ်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် အရင်ခြောက်အောင်လုပ်ပါ။ ပြီးမှပုံသွင်းပါ။ Dryer နဲ့ ပုံသွင်းပါ။ ဒါဆိုရင်တော့ ပုံမှန်ထက်ပိုပြီး ဆံပင်အုံထူသလို ဖြစ်သွားစေပါတယ်။

ဆံပင်ကို ဒီတိုင်းစည်းတာထက် စည်းပြီး အလယ်ကနေ တစ်လွှာလှန်ပြီး ကလစ်ညှပ်လိုက်ပါ။ ပြီးမှ လှန်ထားတဲ့ တစ်လွှာကို ပြန်ချပါ။ ဒါဆိုရင် ဆံပင် volume ပိုများသလို ဖြစ်စေပါတယ်။

ဆံပင်ကို ဒီတိုင်းစုစည်းတာက ပါးတာပိုသိသာစေပါတယ်။ Ponytail ကိုမှ နှစ်ထပ်စည်းမယ်ဆိုရင် ဆံပင်အုံထူသလို ဖြစ်သွားစေပါတယ်။

ဆံပင်ကို ပုံမှာပြထားတဲ့အတိုင်းလေး နှစ်ဖက်ခွဲလုံးပြီး တစ်ညထားလိုက်ပါ။ မနက်မှဖြည်ချလိုက်ရင် ဆံပင်ကောက်ထားသလိုလေးဖြစ်ပြီး အုံထူသလို ဖြစ်သွားစေပါတယ်။

ဆံပင်အဆီထွက်ရင် ဆံပင်တွေကပ်ပြီး ပါးတာပိုသိသာစေပါတယ်။ ခဏခဏခေါင်းလျှော်ဖို့ကျတော့လည်း အဆင်မပြေတဲ့အတွက် dry shampoo သုံးပါ။ Dry shampoo ကို ဆံပင်အဖျားတွေကိုမသုံးပဲ အရင်းကိုသာ သုံးပါ။ ဒါမှ ဆံပင်နည်းနည်းဖွာပြီး volume ပိုများသလို ဖြစ်သွားမှာပါ။

ကျစ်ဆံမြီးကျစ်တဲ့အခါမှာ ဒီတိုင်းကျစ်တာထက် ကျစ်ပြီးရင် ဆံစလေးတွေကို နည်းနည်းစွဲပေးပါ။ ဒါဆိုရင် ဆံပင်အုံထူသလို ဖြစ်စေပါတယ်။

ဆံပင်ပုံစံပြောင်းဖို့ကို မကြောက်ပါနဲ့။ ပုံသေခွဲကြောင်းအတိုင်းထားရင် ဆံပင်က ပိုပါးသလို ဖြစ်စေပါတယ်။ တစ်ခါတစ်လေလည်း ဘက်ပြောင်းခွဲတာမျိုးလေးတွေ လုပ်ပေးပါ။

Volume spray တွေသုံးပြီး ဆံပင်ပုံသွင်းပေးရင်လည်း ဆံပင်အုံထူသလို ဖြစ်စေပါတယ်။ ဆံပင်ပါးတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။