တစ်ခါတစ်လေ ကိုယ့်မှာအဝတ်အစားတွေတော့ရှိပေမယ့် အပြင်သွားခါနီးဆို ဘာရွေးဝတ်ရမလဲ ခေါင်းစားနေရတာမျို ဖြစ်ဖူးကြလား။ ပျိုမေတို့တော်တော်များများမှာ ရာသီဥတုနဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ် သက်တောင့်သက်သာမရှိတော့လို့ပဲဖြစ်ဖြစ် ဝယ်ပြီးတစ်ခေါက်၊ နှစ်ခေါက်ပဲဝတ်ပြီး လုံးဝမ၀တ်ဖြစ်တော့တဲ့ အဝတ်တွေ ရှိကြမှာပါ။ ဒီလိုနဲ့ကြာရင် ကိုယ့်အဝတ်ဗီရိုထဲ အသုံးမလိုတာတွေ ပြည့်သွားနိုင်တာမို့ ဒီလိုမဖြစ်ရအောင် ဘယ်အချိန်မဆို မရိုးသွားဘဲ အမြဲတမ်းဝတ်နိုင်မယ့် ပေ့ါပေ့ါပါးပါး ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ထည်လောက်ရှိထားရုံနဲ့ အမျိုးမျိုးတွဲဝတ်လို့ရတာမို့ လူငယ်မိန်းကလေးတိုင်းအတွက် အသုံးဝင်မှာပါ။

၁။ အဖြူရောင် ရှပ်ကော်လံအင်္ကျီ

ဒီလို ရှပ်အင်္ကျီလေးတွေက သူ့တစ်ထပ်တည်းလည်း ခပ်ပွပွလေး ဝတ်လို့လှသလို အပေါ်ဝတ်အနေနဲ့လည်း တွဲဝတ်လို့ရတာမို့ အရမ်းအဆင်ပြေပါတယ်။ အထာကျစေမယ့်အပြင် ရာသီမရွေးဝတ်နိုင်မယ့် ဖက်ရှင်လေးဆိုရင်လည်း မမှားပါဘူး။

၂။ Crop Top အင်္ကျီ

Crop Top က ဘယ်တော့မှမရိုးတဲ့ အင်္ကျီဒီဇိုင်းတွေထဲပါပါတယ်။ သူ့ကို အောက်က စကပ်၊ ဘောင်းဘီ အတို၊ အရှည်မရွေး တွဲဝတ်ရအဆင်ပြေတာမို့ Crop Top လေးတစ်ထည်ရှိထားတာက သင့်အတွက် အသုံးတည့်စေမှာပါ။

၃။ Cardigan အင်္ကျီ

အခုခေတ် မိန်းကလေးတွေကြားမှာ ရာသီမရွေးဝတ်လို့ရတဲ့ Cardigan လေးတွေက အရမ်းလူကြိုက်များပါတယ်။ ပျိုမေတိုင်းမှာ အနည်းဆုံး Cardigan တစ်ထည်လောက်ရှိထားတာက လုံးဝအလဟဿမဖြစ်ပါဘူး။ ဘာလေးနဲ့တွဲဝတ်ဝတ် ကိုယ့်စတိုင်ကိုပိုအထာကျစေမှာပါ။

၄။ အဖြူရောင် Plain အင်္ကျီလေး

အပေါ်ထပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ချင်တဲ့သူတွေအတွက် ဒီလိုအဖြူ Plain အင်္ကျီလေးတွေက ဘယ်အရောင်နဲ့ဖြစ်ဖြစ်တွဲဝတ်လို့ အဆင်ပြေပါတယ်။ သူ့တစ်ထပ်တည်းလည်း ရိုးရိုးလေး လှအောင်ဝတ်လို့ရတာမို့ ပျိုမေတိုင်းတစ်ထည်လောက်ရှိထားတာ မမှားပါဘူး။

၅။ Denim ဂျာကင်

စမတ်ကျတဲ့စတိုင်မျိုးရဖို့ Denin ဂျာကင်လေးတစ်ထည်ကတော့ မရှိမဖြစ်ပါပဲနော်။ ခရီးသွားရင်း ဝတ်လို့အဆင်ပြေသလို သူ့တစ်ထည်တည်းနဲ့တင် အထာကျနေစေမှာပါ။

၆။ Hoodie

Hoodie အင်္ကျီလေးတွေက သက်တောင့်သက်သာလည်းရှိသလို အပြင်သွားရင်းလည်း ဝတ်လို့ကောင်းတဲ့ အင်္ကျီလေးတွေပါ။ အထူးသဖြင့် အေးတဲ့ရာသီတွေမှာ Hoodie လေးတွေက အသုံးတည့်မှာပါ။

၇။ ဂျင်းဘောင်းဘီရှည်

ဂျင်းဘောင်းဘီအရှည်တွေကလည်း မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ဖက်ရှင်တွေထဲပါဝင်ပါတယ်နော်။ ထသွားထလာအတွက်လည်း ဖက်ရှင်ကျသလို ရုံးတက်ရင်းနဲ့လည်း ပေါ့ပေါ့ပါးပါးဝတ်လို့ရပါတယ်။

၈။ Dress အဖြူလေး

အရောင်ငြိမ်တဲ့ Dress အဖြူလေးတွေက ထသွားထလာကနေ ပွဲသွားပွဲလာအထိ ဝတ်လို့ရတဲ့ ပေါ့ပါးသလို ကျက်သရေလည်းရှိစေမယ့် ဖက်ရှင်လေးဖြစ်ပါတယ်။ ဒါကြောင့်မို့ Dress အဖြူလေးတစ်ထည်ရှိထားတာကလည်း သင့်အတွက်အကျိုးမယုတ်ပါဘူး။

Photo Source: Pinterest, preview.ph

By MyStyle Myanmar