လမ်းခွဲပြတ်စဲပြီးနောက် သင်ကြည့်တဲ့ ဇာတ်ကားတွေက သင့်ကို စိတ်ပျော်ရွှင်မှု ပေးပြီး စိတ်သက်သာရာ ရစေတဲ့ ဇာတ်ကားတွေပဲ ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ဇာတ်လမ်းတွေက သင့်ကို အားမလို အားမရ ဖြစ်စေတာ၊ ပိုနာကျင်စေတာ၊ ပိုဒေါသထွက်စေတာမျိုး ဖြစ်တတ်လို့ပါ။ တကယ်ဖြစ်သင့်တာက သင့်ကို ခြေလှမ်းသစ်တွေ ပြန်လည် စတင်ဖို့ ခွန်အားပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီလို ခွန်အားသစ်တွေ ပေးနိုင်မယ့် ဇာတ်ကားတွေကို ဖော်ပြပါရစေ။

၁။ (500) Days of Summer

ဒီဇာတ်လမ်းက သင့်ကို စိတ်ခွန်အားပေးနိုင်မှာပါ။ သင်က ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို ကိုယ်ချင်းစာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လောက်ပဲ ခက်ခဲပါစေ ဖြတ်ကျော်န်ိုင်တယ် ဆိုတာကိုလည်း သိလာပါလိမ့်မယ်။

၂။ Jerry Maguire

Jerry က အားကစား Agent တစ်ယောက်ပါ။ သူ့ကို ယုံကြည်ပေးတဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့ပေမယ့် သူက ဒါကို ဖျက်ဆီးခဲ့ပါတယ်။ ဒီဇာတ်ကားက လှပတဲ့ ဇာတ်အိမ်နဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

၃။ How Stella Got her Groove Back

တစ်ခါတလေ ဘဝမှာ အကောင်းဆုံး အရာတွေကို မမျှော်လင့်တော့မှဘဲ ကိုယ့်ဆီကို ရောက်လာတတ်တယ်ဆိုတာကို ဒီဇာတ်ကားထဲ မြင်ရမှာပါ။ နာကျင်ရတဲ့ ရက်တွေကို ဘယ်လိုရုန်းထွက်ရမလဲ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါနော်

၄။ Legally Blonde

ကိုယ့်ဘက်က သူ့အတွက် ဘယ်လောက်ပဲ ကြိုးစားပေမယ့် သူလိုချင်တဲ့ ပုံစံနဲ့ မကိုက်ညီတဲ့အခါ ကိုယ့်ပုံစံနဲ့ ကိုယ် နေပြပြီး အောင်မြင်လာတဲ့ ရှေ့နေမလေး အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ သင့်ဘဝမှာ အောင်မြင်ဖို့ ယောက်ျားမလိုအပ်ကြောင်း Legally Blonde က ပြသနေပါတယ်။

၅။ How to be Single

Single ဘဝက ဘယ်လိုလဲ သိချင်တာကြောင့် အချိန်အကြာကြီးတွဲခဲ့တဲ့ ရည်းစားနဲ့ ခဏတဖြုတ် မတွဲဘဲ Single ဘဝကို လက်တွေ့ အဖြေရှာတဲ့ ဇာတ်ကောင် Alice အကြောင်းကို သိရမှာပါ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်း Single ဖြစ်အောင် ဘယ်လိုနေမလဲ နည်းလမ်းကောင်းတွေကို Alice က ပြသပါလိမ့်မယ်။

၆။ Bridget Jones’ Diary

ဒီဇာတ်လမ်းထဲမှာ မှန်ကန်တဲ့ အမျိုးသားကောင်း တစ်ယောက်ကို တွေ့ဖို့ Bridget က ဘယ်လောက်ရုန်းကန် ကြိုးစားခဲ့ရကြောင်း စိတ်ဝင်စားစွာ ကြည့်ရမှာပါ။ အသည်းကွဲနေတဲ့ မိန်းကလေးတွေ ကြည့်သင့်ပါတယ်။

၇။ Silver Linings Playbook

ဒီဇာတ်ကားက အသည်းကွဲပြီးနောက် ကြည့်သင့်ပြီး အရာရာမှာ အဆိုးကြီး ကြုံနေရပေမယ့် ကောင်းကွက်လေးတွေ ရှိသေးကြောင်း မြင်ရစေမယ့် ဇာတ်ကားတစ်ကားပါ။

၈။ Before Sunrise

ဒီကမ္ဘာမှာ သင့်အတွက် ရွေးချယ်နိုင်တဲ့ ယောက်ျားတွေ အများကြီးရှိကြောင်း ဒီဇာတ်ကားက ပြောပြနေပါတယ်။ သင့်တကယ် လက်တွဲဖော်ကို မထင်မှတ်တဲ့ နေရာတွေမှာ တွေ့နိုင်သေးကြောင်း “Before Sunrise” ဇာတ်ကားက ပြောပြနေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar