ကိုယ်တိုင်လုပ်မိနေတဲ့ အလေ့အကျင့်တချို့တွေက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာကို မသိတာမျိုး ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ အားလုံးသိရအောင်လို့ သင်သတိမထားမိသေးတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။

ပီကေစားပေးခြင်းက စိတ်ဖိစီးမှု Stress တွေကို လျော့ကျစေပြီး မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။

ဗီဒီယိုဂိမ်းတွေ ကစားပေးခြင်းက စွမ်းဆောင်ရည်ကို ပိုမြင့်တက်စေပြီး ဆုံးဖြတ်နိုင်စွမ်းပိုကောင်းလာစေပါတယ်။ ဖြတ်ထိုးဉာဏ်လည်း ပိုကောင်းလာစေပါတယ်။

ကိုယ်တိုင် Creative လုပ်တတ်တဲ့ အလေ့အကျင့်က စိတ်ရှည်သည်းခံနိုင်စွမ်း ပိုကောင်းလာစေတယ်။ စိတ်တည်ငြိမ်လာစေတယ်။ ဉာဏ်ရည်ဉာဏ်သွေး ပိုကောင်းလာတစ်တယ်။ စိတ်ဖိစီးမှုတွေလည်း လျော့ကျလာစေပါတယ်။

အိပ်ရေးဝအောင် အကြာကြီးအိပ်ပေးခြင်းက နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပြီး ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တဲ့ရောဂါမျိုး ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

အတင်းပြောခြင်းအလေ့အကျင့်ကတော့ သူငယ်ချင်းတွေ ရင်းနှီးမှုပိုရစေပြီး Stress တွေလည်း လျော့ကျစေပါတယ်တဲ့နော်။

လေတက်တဲ့အလေ့အကျင့်ကတော့ အစာအိမ်နာကျင်ခြင်းဝေဒနာကို လျော့ကျစေတယ်။ သက်သာစေပါတယ်။

ရေအေးနဲ့ ရေချိုးပေးခြင်းကတော့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဝိတ်ကျစေပါတယ်။

ညဘက်အိပ်ရင် လက်အိတ်စွပ်အိပ်တဲ့ အလေ့အကျင့်ကတော့ ညဘက်မှာ ကောင်းစွာအိပ်ပျော်စေပါတယ်။

Source: www.brightside.me