အားလုံးပဲ မဂ်လာပါ။ သင့်ဘဝမှာ ဘယ်လိုအနမ်းမျိုး ပိုင်ဆိုင်ခဲ့ဖူးလဲ။ ဘဝမှာ စိတ်ကူးယဉ်ဆန်တဲ့ အချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသူတွေရှိသလို ဒီအချိန်ထိ ရင်ခုန်စရာအခိုက်အတန့်လေးတစ်ခုရဖို့ စောင့်ဆိုင်းနေရသူတွေလည်းရှိပါတယ်။ သင့်ကောင်လေးက သင့်ကို နမ်းတဲ့ အနမ်းတစ်ပွင့်ပေါ်မူတည်ပြီး ဒီအနမ်းကို အဓိပ္ပာယ်အမျိုးမျိုး သတ်မှတ်လို့ရပါတယ်။ သင်က အနမ်းရဲ့ အဓိပ္ပာယ်တွေကို သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့်

သင့်ကောင်လေးက သင့်ကို တကယ်တန်ဖိုးထားတဲ့ အခါ ဒီအနမ်းကို နမ်းလေ့ရှိပါတယ်။ ပါးစပ်ပိတ်ပြီး နှုတ်ခမ်းလေးထိရုံအနမ်းကတော့ စစတွေ့ချင်း နှုတ်ဆက်တဲ့အခါ ဒါမှမဟုတ် သွားခါနီး နှုတ်ဆက်တဲ့အခါ နမ်းတတ်ပါတယ်။

၂။ ဦးခေါင်းထက်ကို နမ်းတာ

ဦးခေါင်းထက်ကို နမ်းတဲ့အနမ်းကတော့ သင့်ကို ကာကွယ်ပေးချင်တယ်၊ သင်သူ့ကို အားကိုးစေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ သင့်ကို ဂရုစိုက်ကြောင်း သင်က သူ့ရဲ့ကမ္ဘာကြီးဖြစ်ကြောင်း သက်သေပြတာပါ။


၃။ သင့်လက်ကို နမ်းတာ

သင့်လက်ကို နမ်းတယ်ဆိုတာက အသည်းယားလို့ နမ်းတာ ဖြစ်နိုင်သလို ချစ်သူမဖြစ်သေးဘဲ လက်ကို နမ်းတာဆိုရင်တော့ သင့်ကို အီစီကလီ လုပ်ချင်တာ.. အထာပေးချင်တာပါ။

၄။ သင့်လည်ပင်းကိုနမ်းတာ

လည်ပင်းကို နမ်းတဲ့အနမ်းကတော့ သင့်အပေါ်မှာ ချစ်စိတ်တွေပြင််းထန်နေပြီလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ရိုမန့်တစ်ဆန်တဲ့ အနမ်းမျိုးပါ။


၅။ French Kiss

ဒီအနမ်းကိုတော့ သိပ်ပြောစရာမလိုဘူးထင်ပါတယ်နော်။ နမ်းဖူးသူတွေသိမှာပါ။

၆။ မျက်လုံးကို နမ်းတာ

သင့်ကောင်လေးက သင့်မျက်ခွံထက် အနမ်းခြွေတယ်ဆိုရင်တော့ ဒီအနမ်းက သင့်ကို အလေးအနက်ထားကြောင်း အဓိပ္ပာယ်သက်ရောက်ပါတယ်။


၇။ ပါးကိုနမ်းတာ

ပါးကို နမ်းတာက အဓိပ္ပာယ်နှစ်မျိုး သက်ရောက်မှုရှိပါတယ်။ ချစ်သူမဖြစ်သေးဘူးဆိုရင်တော့ ပါးထက်ကို နမ်းတာက သင့်ကို သူအများကြီး သဘောမကျသေးပါဘူး။ ချစ်သူတွေဆိုရင်တော့ သင်က ချစ်စရာကောင်းလွန်းလို့ ပါးကို နမ်းတာပါ။

၈။ သင့်နဖူးကိုနမ်းတာ


သင့်နဖူးကို အနမ်းခြွေတယ်ဆိုတာ သင့်ခန္ဓာကိုယ်ထက် သင့်ကို ပိုချစ်တယ်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ သင့်ကို ကာကွယ်ပေးချင်တယ်လို့ ယူဆနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar