မိန်းကလေးတွေဆိုရင် ဆံပင်လေးတွေကိုအပြောင်သိမ်းထားတာမျိုးလေးတွေ၊ မျက်နှာလေးရှင်းနေတာမျိုးတွေဆိုရင် လူကြီးတော်တော်များများက သဘောကျကြပါတယ်။ တကယ်လည်း မျက်နှာလေးရှင်းနေစေတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေက ချစ်စရာကောင်းစေပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းနဲ့လိုက်ဖက်မှုရှိပြီး မျက်နှာလေးရှင်းကာ ချစ်စရာကောင်းစေမယ့် ဆံပင်ပြင်ဆင်ပုံ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်လေးကိုအပြောင်သိမ်းပြီး မြင့်မြင့်လေးစည်းတာကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ မျက်နှာရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းနေစေမယ့် ဒီဆံပင်ပုံလေးကို အရင်ဖော်ပြပေးလိုက်ပါတယ်။

Source: www.peachy.com

ဆံပင်တွေကို အကုန်အပြောင်သိမ်းပြီး ဆံထုံးမြင့်မြင့်လေးထုံးတာကလည်း မျက်နှာပြောင်ပြောင်ရှင်းရှင်းလေးနဲ့ ကျက်သရေရှိနေစေပါတယ်။

Source: www.peachy.com

ဆံပင်ကိုတစ်ဝက်စည်းတဲ့အခါမှာလည်း အပြောင်သိမ်းပြီး အမြင့်လေးစည်းပေးပါ။ မျက်နှာလေးပြောင်ရှင်းနေမှ ကိုယ့်ရဲ့အလှကပိုပေါ်လွင်တာပါ။

Source: www.peachy.com

ဆံပင်ကိုခေါင်းစည်းကြိုးနဲ့ တစ်ဝက်စုပြီးမစည်းချင်ရင်တော့ ဆံပင်ထိပ်နားလေးတွေကို လက်နဲ့လိမ်ယူပြီး ကလစ်လေးနဲ့အနောက်မှာ ထိုးထားလိုက်လို့လည်း ရပါတယ်။ ဒါဆိုရင်လည်း မျက်နှာလေးက ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။

Source: www.peachy.com

ဆံပင်လေးကိုအပြောင်သိမ်းပြီး ကျစ်ဆံမြီးလေးကို ဘေးတစ်စောင်းလေးကျစ်ပေးလို့လည်းရပါတယ်။ ကျစ်ဆံမြီးကို ဘေးတစ်စောင်းလေးကျစ်တာကတော့ မြန်မာဝတ်စုံလေးတွေသာဝတ်လိုက်မယ်ဆိုရင် အရမ်းကိုကျက်သရေရှိနေမှာ သေချာပါတယ်။

Source: www.peachy.com

ဆံပင်ကိုအရှေ့မှာလုံးဝမချပဲ အကုန်သိမ်းပြီး ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ပေးတာကလည်း ရိုးရိုးလေးနဲ့ မျက်နှာလေးရှင်းပြီး ချစ်စရာကောင်းနေစေပါတယ်။

Source: www.peachy.com

လူငယ်ဆန်ဆန်လေးနဲ့ မျက်နှာလေးရှင်းပြီးချစ်စရာကောင်းချင်ရင်တော့ ဆံပင်ထိပ်လေးနှစ်ဖက်ကို အပြောင်လေးသာစည်းပေးလိုက်ပါ။

Source: www.peachy.com

ဆံပင်ထိပ်လေးနှစ်ဖက်ကို လက်နဲ့လိမ်ပြီးယူကာ ကလစ်လေးနဲ့ထိုးပေးလိုက်ပါ။ ဒီဆံပင်ပုံလေးဆိုရင်လည်း ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလိုက်ဖက်ပြီး ချစ်စရာကောင်းစေပါတယ်။

Source: www.peachy.com