တစ်ခါတစ်လေကျရင် ဝက်ခြံတွေပေါက်တာက ဘာကြောင့်ပေါက်မှန်းမသိတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ lifestyle မမှန်လို့ ပေါက်တဲ့ ဝက်ခြံတွေလည်း ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ lifestyle အလေ့အကျင့်တွေကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်က ဝက်ခြံ ၈ မျိုးအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

ပါးစပ်နားတစ်ဝိုက်

ပါးစပ်နားတစ်ဝိုက်မှာ ဝက်ခြံပေါက်တာကတော့ တစ်ခုခုမသန့်ရှင်းတာနဲ့ ထိမိတဲ့အခါမှာလည်း ပေါက်တတ်သလို၊ ဖုန်းပြောတဲ့အခါ ကိုယ့်ရဲ့ ဖုန်းက မသန့်ရှင်းရင်လည်း ဝက်ခြံပေါက်တတ်ပါတယ်။ မျက်နှာကို မတည့်တာတစ်ခုခု လိမ်းမိရင်လည်း ပါးစပ်နားတစ်ဝိုက်၊ မေးစိမှာတွေ ဝက်ခြံထွက်လာတတ်ပါတယ်။

နှာခေါင်း

နှာခေါင်းမှာ ဝက်ခြံပေါက်တာကတော့ ချွေးပေါက်တွေကျယ်ပြီး ချွေးပေါက်ထဲကို အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေ ဝင်တဲ့အခါမှာ ပေါက်လေ့ရှိပါတယ်။ Stress တွေများတဲ့အခါမှာလည်း နှာခေါင်းမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။

နဖူး

ဦးရေပြားနဲ့ ဆံပင်က မသန့်ရှင်းတဲ့အခါ နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆံပင်အဆီအရမ်းထွက်ရင် ပိုပြီးပေါက်လေ့ရှိပါတယ်။ ဆံပင်အရှေ့ချတဲ့သူတွေမှာလည်း နဖူးမှာဝက်ခြံနဲ့ အဆီဖုတွေထွက်တာမျိုး ဖြစ်လေ့ရှိပါတယ်။

ပါး

ပါးမှာဝက်ခြံပေါက်တာကတော့ ဖုန်းကြောင့်ဖြစ်တာများပါတယ်။ ကိုယ့်ဖုန်းက မသန့်ရှင်းနဲ့အခါ ပါးနားကပ်ပြောတော့ ဝက်ခြံတွေပေါက်တာမျိုး ဖြစ်ပါတယ်။ ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းတွေ မသန့်ရှင်းရင်လည်း ပါးမှာ ဝက်ခြံပေါက်တတ်ပါသေးတယ်။ Hormone ကြောင့်လည်း ဖြစ်တတ်ပေမယ့် အများစုကတော့ ဒီလို lifestyle မမှန်လို့ ပေါက်တာများပါတယ်။

မေးရိုးနဲ့လည်ပင်းနားတစ်ဝိုက်

Hormone levels ပြောင်းလဲတဲ့အခါမျိုးမှာဆိုရင်တော့ မေးရိုးနဲ့ လည်ပင်းနားတစ်ဝိုက်မှာ ဝက်ခြံတွေအများကြီး ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

ကျော

ကျောမှာဝက်ခြံပေါက်တာကတော့ ကိုယ်လိမ်းတဲ့ sunscreen, moisturizer, body creams, massage oils တွေကြောင့် allergy ဖြစ်ပြီး ပေါက်တာမျိုး ရှိပါတယ်။ ချွေးထွက်များတဲ့အခါ ချွေးနဲ့ အညစ်အကြေးတွေနဲ့ ရောပြီး ဝက်ခြံတွေထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဝတ်အစားမသန့်တဲ့အခါ၊ စောင်မသန့်တဲ့အခါ၊ အဝတ်အစား အရမ်းကျပ်တာတွေကို ဝတ်တဲ့အခါမှာလည်း ကျောမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။ နောက်တစ်ခုကတော့ ဆပ်ပြာတိုက်ပြီး မပြောင်ရင်လည်း ကျောမှာ ဝက်ခြံတွေ ပေါက်ပါတယ်။

ရင်ဘတ်

ရင်ဘတ်နဲ့ ကျောနဲ့က ဝက်ခြံထွက်တဲ့ အကြောင်းအရင်းချင်း တူတူလောက်ပါပဲ။ အဝတ်အစား အရမ်းကျပ်တာတွေကို ဝတ်တဲ့အခါ၊ ချွေးနဲ့ အဆီနဲ့ ဘတ်တီးရီးယားတွေက ချွေးပေါက်ထဲ ဝင်တဲ့အခါမှာ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

ခြေထောက်

ခြေထောက်မှာ ဝက်ခြံပေါက်တာတော့ ရှားပါတယ်။ Dead cells တွေ များတဲ့အခါ၊ ကိုယ်လိမ်းတဲ့ lotion တွေနဲ့ ချွေးပေါက်တွေ ပိတ်တဲ့အခါမှာ ဝက်ခြံပေါက်တတ်ပါတယ်။