ချွေးထွက်သန်တဲ့အခါ လိမ်းထားတဲ့မိတ်ကပ်တွေက ကြာရှည်မခံပဲ ခဏလေးနဲ့ပျက်တာမျိုး၊ ချွေးနဲ့ မိတ်ကပ်တွေကွက်ပြီး ကြည့်ရဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ချွေးထွက်သန်တဲ့သူတွေအတွက် မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ သိထားသင့်တဲ့အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Oil Free Moisturizer လိမ်းပါ

မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး Oil Free Moisturizer လိမ်းပေးပါ။ ချွေးထွက်သန်တဲ့သူ၊ အဆီပြန်တဲ့သူက Moisturizer ထဲမှာတောင် Oil Free Moisturizer ကိုလိမ်းတာ ပိုကောင်းပါတယ်။

Sunscreen လိမ်းပါ

နေ့ဘက်တွေဆိုရင်တော့ Sunscreen လိမ်းဖို့မမေ့ပါနဲ့။ Sunscreen မလိမ်းရင် ချွေးထွက်တဲ့အပြင် မျက်နှာပါ မဲလာပါလိမ့်မယ်။ အသားအရေလည်း ထိခိုက်ပျက်စီးစေတာကြောင့် ဒီအချက်ကို မမေ့ပါနဲ့။

Primer လိမ်းပါ

တတိယအဆင့်မှာ Primer လိမ်းပါ။ မိတ်ကပ်သားကြာရှည်ခံအောင် လုပ်ပေးနိုင်သလို၊ ချွေးပေါက်ကျယ်တာတွေကိုလည်း ဖုံးပေးနိုင်ပါတယ်။

မိတ်ကပ်လျှော့လိမ်းပါ

ချွေးထွက်သန်တယ်ဆိုရင် မိတ်ကပ်ကို အများကြီးမလိမ်းပဲ လျှော့လိမ်းပေးပါ။ မိတ်ကပ်အများကြီးလိမ်းတဲ့အခါ ချွေးထွက်ရင် မိတ်ကပ်တွေက Cream လိုစုကုန်တာမျိုး ဖြစ်နေပါလိမ့်မယ်။ ချွေးပေါက်ပိတ်တာမျိုးတွေလည်း ဖြစ်စေပါတယ်။

Powder လိမ်းပါ

Powder နဲ့ မိတ်ကပ်သားကို သိပ်သိပ်ညက်ညက်လေးဖြစ်အောင် ပုတ်လိမ်းပေးရမှာပါ။ ဒါမှ မိတ်ကပ်လည်း ပိုပြီးကြာကြာခံမှာပါ။

Shimmer တွေမသုံးပါနဲ့

Shimmer တွေသုံးရင် ချွေးအရမ်းထွက်လာတဲ့အခါ ပျံ့ပြီးပေကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မသုံးတာတော့ ပိုကောင်းပါတယ်။

Waterproof Eye Product သုံးပါ

Eyeliner, Mascara တွေသုံးမယ်ဆိုရင် Waterproof ဖြစ်တာကိုသုံးပေးပါ။ ဒါမှ ချွေးထွက်လည်း တော်ရုံမပျက်မှာပါ။ မဟုတ်ရင်တော့ ချွေးထွက်တာနဲ့ ပေကျံကုန်မှာပါ။

Setting Spray ဖြန်းပါ

နောက်ဆုံးမှာ Setting Spray ဖြန်းပေးမယ်ဆိုရင် မိတ်ကပ်သား Lock ချလိုက်သလိုဖြစ်သွားပြီး မိတ်ကပ်သားလည်း ပိုကြာရှည်ခံစေပါတယ်။