ဒီတစ်ခေါက်မှာတော့ မနက်တိုင်း Glow Skin လေးနဲ့ နိုးထလာနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။ မနက်နိုးတဲ့အချိန် သင်က ဘယ်လိုပုံစံလေးနဲ့ နိုးလာတတ်လဲ။ ဒီထဲ ပြောပြတဲ့ နည်းလမ်းတွေကို မနက်တိုင်း လုပ်ပေးမယ်ဆိုရင် သင့် အသားအရေက ပိုကောင်းလာကာ တစ်နေ့လုံး သင့်ကိုယ်သင် ယုံကြည်မှု ရှိလာပါလိမ့်မယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းရတဲ့ နေ့ဆိုရင်လည်း မနက်က Skincare ထားတာကြောင့် သင်ပိုလှနေပါလိမ့်မယ်။ ဒီတော့ မနက်ပိုင်းတည်းက Glow Skin လေး ပိုင်ဆိုင်ကာ ဒီလို နေ့တိုင်း ဖြစ်နေဖို့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ရေခဲကပ်ပါ

မျက်နှာမသစ်ခင် မျက်နှာကို ရေနဲ့ အရင် ပွတ်ပေးကာ ရေခဲတုံးနဲ့ မျက်နှာကို ပွတ်နိုင်ပါတယ်။ ဒီလို ပွတ်တဲ့အချိန် သင့်မျက်နှာလေး ပန်းရောင်သန်းလာကာ ရှက်သွေးဖြာတဲ့ ပုံစံလေး ရတဲ့အထိ ပွတ်ပေးနိုင်ပါတယ်။ ရေခဲပုံမှန်ကပ်ပေးမယ်ဆိုရင် အသားအရေ Glow နိုင်သလို သင့်အသားအရေ တင်းရင်းကာ ချွေးပေါက်ကျဉ်းလာပါလိမ့်မယ်။

၂။ ရေသောက်ပေးပါ

မနက်နိုးတာနဲ့ ရေဓာတ် ခန်းခြောက်နေတဲ့ ခန္ဓာကိုယ်အတွက် ရေသောက်ပေးသင့်ပါတယ်။ ဒီလို သောက်တဲ့အခါ ပမာဏ များများ သောက်ပေးသင့်ပြီး သတ္တုဓာတ်တွေ ကြွယ်ဝဖို့ ရေထဲ သံပယိုရည်၊ သံပရာရည်တွေ ညှစ်ထည့်နိုင်ပါတယ်။

၃။ အစိမ်းရောင် ဖျော်ရည်သောက်ပါ

အစိမ်းရောင် အသီးအရွက်တွေ ဖြစ်တဲ့ သခွားသီး၊ ပန်းသီးစိမ်း၊ ဟင်းနုနွယ်ရွက်၊ ချင်း စတာတွေကို ရောကာ Blender နဲ့ ကျိတ်ပေးရပါမယ်။ မနက်တိုင်း အစာမရှိသေးတဲ့အချိန် သောက်ပေးသင့်ပါတယ်။ ဒီလို ပုံမှန်သောက်ပေးမယ်ဆိုရင် သင့်အသားအရေ ပိုလှလာပါလိမ့်မယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ

မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် တစ်နေ့လုံး မလုပ်မိတာတွေ မဖြစ်တော့ပါဘူး။ တစ်ပတ်မှာ ၂ ခါကနေ ၃ ခါ ချွေးထွက်မယ့် လေ့ကျင့်ခန်းကို မနက်ပိုင်းမှာ လုပ်နိုင်ပါတယ်။ Hot Yoga, HIIT စတဲ့ လေ့ကျင့်ခန်းတွေက သွေးလည်ပတ်မှု ကောင်းစေကာ အသားအရေထဲကို အောက်ဆီဂျင် ဖြန့်ပေးနိုင်ပါတယ်။

၅။ အာဟာရ အများအပြားပါတဲ့ မနက်စာကို စားပေးပါ

အာဟာရ များစွာ ပါဝင်တဲ့ အသီးနဲ့ အရွက်တွေကို မနက်ပိုင်းမှာ ပါဝင်အောင် စားပေးသင့်ပါတယ်။ ဥပမာ- သင်္ဘောသီး

၆။ Herbal Tea သောက်ပေးပါ

မနက်နိုးလာတာနဲ့ အသားအရေလေး လှနေဖို့ ညအိပ်ရာဝင်ခါနီး အစာချေဖျက်မှု အားကောင်းဖို့ ညစာ စားပြီးနောက် Herbal Tea သောက်ပေးသင့်ပါတယ်။

၇။ Spa သွားပါ

အမြဲ Glow Skin လေး ရနေဖို့ လစဉ် မျက်နှာကို နှိပ်နယ်ပေးတာ၊ Deep Cleansing လုပ်ပေးတာ၊ Anti Aging လုပ်ပေးတာ စတာတွေ ပုံမှန် လုပ်သင့်ပါတယ်။

၈။ ညတိုင်း Facial Massage လုပ်ပါ

အသားအရေ တောက်ပကာ ရေဓာတ်ပြည့်ဝနေဖို့ မျက်နှာကို ညတိုင်း Facial Massage လုပ်ပေးသင့်ပါတယ်။ ဒါအတွက် သုံးသင့်တဲ့ ဆီတွေကတော့- Almond Oil, Rosehip Oil စတာတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar