နေလောင်ခံထားရတဲ့ မျက်နှာအသားအရေကို ပြန်လည်သက်သာစေဖို့ သဘာဝအတိုင်းပြုလုပ်နိုင်တဲ့ နည်းလမ်းမျိုးစုံရှိပါတယ်။ သင်က နည်းလမ်းအချို့ကိုစမ်းကြည့်ပါရက်နဲ့ မသက်သာလာဘူးဆိုရင်တော့ ကိုယ်တိုင်မသိပဲပြုလုပ်မိနေတဲ့ အမှားတွေရှိနေနိုင်တာကို သတိပြုဖို့လိုပါတယ်။ သင်စားတဲ့အစားအသောက်နဲ့ ဝတ်ပုံစားပုံတွေကပါ နေလောင်ဒဏ်ရာတွေအပေါ်သက်ရောက်မှုရှိနေနိုင်တာကြောင့် အသားအရေပြန်လည် ထိန်းသိမ်းရာမှာ သတိပြုရမယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။

၁။ ဓာတုပစ္စည်းတွေပေါင်းစပ်ပါဝင်တဲ့ ရှားစောင်းလက်ပတ်ထုတ်ကုန်တွေကိုအသုံးပြုခြင်း

ပုံမှန်အားဖြင့် ရှားစောင်းလက်ပတ်က အသားအရေနီမြန်းခြင်းနဲ့ နေလောင်ခြင်းတွေကိုသက်သာစေ တတ်ပေမယ့် သင်အသုံးပြုတဲ့ ရှားစောင်းလက်ပတ် Gel အမျိုးအစားကိုသတိပြုဖို့လိုပါတယ်။ သဘာဝအတိုင်းမဟုတ်တဲ့ပေါင်းစပ်ပစ္စည်းတွေ ပါဝင်တဲ့ထုတ်ကုန်အချို့က အရေပြားယားယံခြင်းနဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်တတ်တာကြောင့် Chemical ပါဝင်မှုမရှိတဲ့ သဘာဝရှားစောင်းလက်ပတ်ကို အသုံးပြုတာကအကောင်းဆုံးဖြစ်ပါတယ်။

၂။ တင်းကျပ်နေတဲ့အဝတ်အစားတွေကိုဝတ်ဆင်ခြင်း

ကိုယ်ကျပ်အင်္ကျီနဲ့ဘောင်းဘီတွေက အရေပြားကို လေဝင်လေထွက်မရှိဖြစ်စေနိုင်တာကြောင့် နေလောင်ဒဏ်ရာတွေကိုပိုဆိုးစေနိုင်ပါတယ်။ ဥပမာအနေနဲ့ Skinny ဂျင်းတွေအစား ချည်သားဘောင်းဘီအပွတွေဝတ်ဆင်တာမျိုးကိုပြုလုပ်ပေးပါ။

၃။ Coffee သောက်ခြင်း

Coffee က ခန္ဓာကိုယ်တွင်း ရေဓာတ်ပိုမိုဆုံးရှုံးစေပါတယ်။ နေပူထဲနေရတာများတဲ့အခါ ရေဓာတ်ခန်းခြောက် တတ်တာကြောင့် လိုအပ်တဲ့ရေဓာတ်တွေပြန်လည်ဖြည့်တင်းနိုင်ဖို့ ရေများများသောက်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

၄။ မိတ်ကပ်နဲ့ဖုံးခြင်း

နေလောင်ထားတဲ့အသားအရေကို မိတ်ကပ်လိမ်းပြီးဖုံးလိုက်တာက အရေပြားရဲ့ချွေးပေါက်နဲ့လေဝင်ပေါက်တွေ ကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ မဖြစ်မနေလိမ်းဖို့လိုအပ်ရင်တော့ မိတ်ကပ်ထူထူလိမ်းတာကိုရှောင်ပြီး နူးညံ့တဲ့ ဘရက်ရှ်တွေသုံးပြီး ခပ်ပါးပါးပဲလိမ်းပေးပါ။

၅။ Exfoliating လုပ်ခြင်း

များသောအားဖြင့် နေလောင်ထားလို့ခြောက်သွေ့နေတဲ့ အရေပြားအလွှာနဲ့ ဆဲလ်သေတွေကိုဖယ်ရှားဖို့အတွက် ခန္ဓာကိုယ်ကို Exfoliating လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ Exfoliating ထုတ်ကုန်တွေက အရေပြားကိုထိခိုက်နိုင်တာကြောင့် နေလောင်ပြီးနောက် ၇ရက်ကြာတဲ့အထိ Exfoliate လုပ်တာကိုရှောင်ပေး သင့်ပါတယ်။

၆။ မှားယွင်းတဲ့ Body Cream တွေအသုံးပြုခြင်း

နေလောင်ထားတဲ့ အသားအရေပေါ်မှာ Body Cream တွေအသုံးပြုတဲ့အခါ Alcohol ပါဝင်မှုမရှိတဲ့ Product တွေ သုံးဖို့အရေးကြီးပါတယ်။ Body Cream မှာပါဝင်တဲ့ Alcohol က အသားအရေအတွင်းပိုင်းအထိ Cream စိမ့်ဝင်အောင်ကူညီပေးနိုင်ပေမယ့် အရေပြားပေါ်က အစိုဓာတ်ထိန်းပေးတဲ့သဘာဝအဆီဓာတ်တွေကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။

၇။ Orange Juice သောက်ခြင်း

Orange Juice လိုမျိုးအချဉ်များတဲ့ဖျော်ရည်တွေက Antioxidant ဓာတ်ကြွယ်ဝတဲ့အပြင် အသားအရေကို ပုံမှန်ထက်ပိုပြီး Sensitive ဖြစ်စေပါတယ်။ ဒါကြောင့် နေလောင်ထားတဲ့သူတွေအနေနဲ့ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်တွေသောက်မိတဲ့အခါ Sunscreen ကိုပုံမှန်ထက်ပိုလိမ်းပြီး တတ်နိုင်သလောက် နေရောင်တိုက်ရိုက် မရတဲ့နေရာမှာနေသင့်ပါတယ်။

၈။ SPF ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေအသုံးပြုခြင်း

SPF ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကနေလောင်ခြင်းကို ထိထိရောက်ရောက်မကာကွယ်ပေးနိုင်ပါဘူး။ လေ့လာသူတွေက အစိုဓာတ်ထိန်းခရင်မ်တွေဟာ Sunscreen နဲ့ယှဉ်ရင် မျက်နှာရဲ့အဓိကအစိတ်အပိုင်းတွေကို လုံလောက်တဲ့ကာကွယ်မှုမပေးနိုင်ဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် SPF ပါဝင်မှုများတဲ့ Sunscreen တွေကိုသာ လိမ်းသင့်ပါတယ်။

Source: Brightside.me

By MyStyle Myanmar