အရာရာတိုင်းကို သွက်သွက်လက်လက် အားသွန်ခွန်စိုက် ပြုလုပ်နေရတဲ့ ခေတ်ကြီးမှာနေထိုင်နေရတာကြောင့် အစာစားချိန်တောင်မှ တနေ့တာရဲ့ သတ်မှတ်ထားတဲ့အစီအစဉ်တစ်ခုဖြစ်နေပါတယ်။ ဘာပဲလုပ်စရာရှိနေပါစေ အစားအစာကိုတောင်မှ သေသေချာချာ အရသာခံပြီး မစားနိုင်ကြပါဘူး။ ထိုကဲ့သို့ အမှတ်တမဲ့ပြုလုပ်လိုက်မိတဲ့ အပြုအမူအချို့ဟာ မိမိရဲ့ကျန်းမာရေးကိုပါ သွားပြီးထိခိုက်နိုင်တာကြောင့် အစာစားပြီးချိန် လုံးဝမပြုလုပ်သင့်တဲ့ အရာများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ခါးပတ်ကြိုးဖြေလျော့ခြင်း

အစာအများကြီးစားပြီးနောက် ဗိုက်တစ်လာတာကြောင့် ခါးပတ်ကြိုးကို ဖြေလျော့လိုက်ခြင်းသည် နေသာထိုင်သာရှိသွားစေမှာဖြစ်ပေမယ့်လည်း အစာခြေစနစ်ကိုတော့ ပြဿနာတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ အူလိမ်သွားစေနိုင်ပြီး အစာအများကြီးစားမိစေနိုင်ပါတယ်။

၂။ အိပ်စက်ခြင်း

အိပ်ပျော်နေချိန်မှာ အစာခြေဖျက်နိုင်စွမ်းနည်းပါးနိုင်ရုံသာမက အစာစားပြီး တရေးတမောအိပ်ရာမှ နိုးထလာသည့်အခါ လူသည်လည်း နေထိုင်လို့ကောင်းမည်မဟုတ်ပေ။

၃။ ဆေးလိပ်သောက်ခြင်း

တစ်လိပ်ဖြစ်ဖြစ် ဆယ်လိပ်ဖြစ်ဖြစ် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် အစာစားပြီးချိန်ဖြစ်စေ ပုံမှန်ချိန်ဖြစ်စေ လုံးဝမသောက်သုံးပါနှင့်။

၄။ ရေချိုးခြင်း

ရေချိုးနေချိန်တွင် အစာအိမ်အတွင်း သွေးစီးဆင်းခြင်းထက် အခြားအစိတ်အပိုင်းများသို့ ရောက်သွားနိုင်တာကြောင့် အစာစားပြီး ရေချိုးခြင်းသည် အစာခြေဖျက်ခြင်းကို အထောက်အကူမဖြစ်စေပါဘူး။

၅။ သစ်သီးစားခြင်း

သစ်သီးများသည် အစာခြေဖျက်နိုင်စွမ်း မြန်ဆန်လှတာကြောင့် အစာစားပြီးပြီးချင်း သစ်သီးစားခြင်းသည် အခြားအစာခြေဖျက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၆။ ရေနွေးကြမ်းသောက်ခြင်း

လက်ဖက်ခြောက်များမှ အက်စစ်သည် အစာရှိပရိုတင်းများကို တင်းမာသွားစေပြီး အစာခြေဖျက်ရန်အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာမစားခင်နှင့် အစာစားပြီးချိန်သောက်သုံးခြင်းမှ ရှောင်ရှားပေးပါ။

၇။ ချက်ခြင်းလမ်းလျှောက်ခြင်း

ထမင်းစားချိန်ပြီး ချက်ခြင်းလမ်းလျှောက်ပေးခြင်းသည် ကယ်လိုရီလောင်ကျွမ်းရန်အထောက်အကူဖြစ်စေနိုင်သော်လည်း အစာစားပြီး ကိုယ်လက်လှုပ်ရှားခြင်းသည် အစာမကြေမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၈။ ရေအေးသောက်ခြင်း

ရေအေးသည် အာဟာရဓာတ်များကိုစုပ်ယူခြင်းနှင့် အညစ်အကြေးများကို သီးသန့်ခွဲခြားခြင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်သည့်အတွက် ရိုးရိုးရေကိုသာ သောက်သုံးပေးပါ။