သင်က ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်သူဆိုရင် သင့်အတွက် ဂုဏ်ယူပါတယ်။ သင်က လူတော်တစ်ယောက်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ ကိုယ်ပိုင်အလုပ်လုပ်ရင်း ငွေအများအပြားပိုင်ဆိုင်လာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းမလုပ်ခင် သိထားရမယ့်အချက်တွေရှိပါတယ်။ ဒီအချက်တွေကို လိုက်နာရင်တော့ သင်ဟာ စိတ်ဖိစီးမှုနည်းနည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းတစ်ခု တည်ထောင်နိုင်လာပါလိမ့်မယ်။

၁။ အစီအစဉ်ဆွဲပါ

ကိုယ်လုပ်မယ့်အလုပ်ကဘာလဲ။ ငွေဘယ်လောက်ကုန်မလဲ။ ကြိုအစီအစဉ်ဆွဲပါ။

၂။ Part Time တွဲလုပ်ပေးပါ

ကိုယ်ပိုင်အလုပ်လုပ်ရင်း Part Time Job တွဲလုပ်ပေးတာက အပိုဝင်ငွေရနိုင်ပါတယ်။ လိုအပ်တဲ့ငွေကို Part Time ကနေ အနည်းအကျဉ်းရနိုင်ပါတယ်။


၃။ ဆက်သွယ်ရေး

ကိုယ်ပိုင်အလုပ်လုပ်တယ်ဆိုပြီး တစ်ယောက်တည်းလုပ်နေလို့မရပါဘူး။ အဖွဲ့အစည်းတွေထဲဝင်ပါ။ လူတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ။

၄။ နေ့စဉ် Schedule

တစ်နေ့တာလုပ်မယ့်အရာတွေကို အစီအစဉ်ဆွဲပါ။ ပုံမှန်ဆွဲပေးပါ။ ကိုယ်ပိုင်လုပ်ငန်းမို့ ကိုယ့်စည်းကမ်းနဲ့ ကိုယ်ရှိသင့်ပါတယ်။


၅။ ငွေကို စီမံခန့်ခွဲပါ

ကိုယ်သုံးတဲ့ငွေပမာဏကို မှတ်ထားပါ။ ငွေအဝင်အထွက် စနစ်တကျရှိပါစေ။ အသုံးအဖြုန်းမကြီးဘဲ စုဆောင်းပေးပါ။

၆။ ပန်းတိုင်ထားပါ

နောက်နှစ်မှာ ဘယ်အဆင့်ထိ ရောက်ရမယ် စသည်ဖြင့် တိကျတဲ့ ပန်းတိုင်တွေထားပေးပါ။


၇။ အချိန်စီမံခန့်ခွဲမှု

ဘယ်အချိန်မှာ ဘာလုပ်မလဲ သေချာစီမံပါ။ အတိအကျလိုက်လုပ်ပါ။ ကိုယ့်အလုပ်စားပွဲကို သန့်သန့်ရှငး်ရှင်းထားပါ။

၈။ ဒုတိယအစီအစဉ်ထားပါ


အစီအစဉ်တစ်ခု မအောင်မြင်ခဲ့ရင် နောက်တစ်မျိုးပြောင်းလုပ်လို့ရအောင် Backup Plan အမြဲထားပေးပါ။

သင်က ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီအချက်တွေကို အမြဲမှတ်ထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar