သန်းပေါင်းများစွာသော လူတွေက အချိုရည်တွေထက် ကော်ဖီသောက်ရတာ ပိုကြိုက်ကြပါတယ်။ Expresso လား၊ နို့ထည့်မှာလည်း နို့မထည့်ဘူးလား၊ ကော်ဖီပူလား၊ ကော်ဖီအေးလား စသည်ဖြင့်ရွေးချယ်စရာအမျိုးမျိုးလည်း ရှိပါသေးတယ်။ ဒါ့အပြင် ကော်ဖီကို ဖျော်ရည်တစ်ခုအနေနဲ့ ဖျော်သောက်လို့ရတဲ့အပြင် အိမ်တွင်းဘက်စုံအသုံးပြုလို့ ရသေးတာကို သင်သိရင် ပိုတောင်အံ့သြသွားပါလိမ့်မယ်။
၁။ လက်သန့်ဆေး
ဟင်းချက်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူအနံ့တွေ လက်မှာစွဲကပ်နေလို့ စိတ်ညစ်နေပါသလား။ ကော်ဖီမှုန့်လေးကို ပွတ်တိုက်ပြီး ရေနဲ့ ဆေးကြောလိုက်မယ်ဆိုရင် သင့်လက်လေးက ကော်ဖီနံ့လေး သင်းနေမှာပါ။
၂။ မျက်နှာပေါင်းတင်ခြင်း
ကော်ဖီက အသားအရည်အတွက်လည်း ကောင်းကျိုးအများကြီးပေးပါတယ်။ ဆဲသေလ်များကို ဖယ်ရှားပေးခြင်း၊ အရေးအကြောင်းများကိုမဖြစ်စေဘဲ ငယ်ရွယ်နုပျိုလှပစေပါတယ်။ ကော်ဖီနဲ့ မျက်နှာဘယ်လိုပေါင်းတင်မလဲဆိုတော့ –
ကော်ဖီအကြမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို အတူရောမွှေပြီးတော့ မျက်နှာပေါ်မှာ မိနစ် ၂၀ ခန့်ထားထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး Moisturizer Cream လေး ပြန်လိမ်းပေးလိုက်မယ်ဆိုရင် သင့်အသားအရည်လေး စိုပြေဝင်းမွတ်လာတာကို သိသိသာသာမြင်တွေ့ရမှာပါ။
၃။ ရေခဲသေတ္တာကို မွေးပျံ့နေစေဖို့
ကော်ဖီသောက်လို့ ကော်ဖီခွက်ထဲမှာ ကျန်တဲ့ကော်ဖီအနည်းငယ်ကို ရေခဲသေတ္တာထဲထည့်ထားမယ်ဆို အသီးအရွက်၊ အသားငါးတွေရဲ့ စူးရှတဲ့ရနံ့ကို ကော်ဖီက စုပ်ယူပေးပါလိမ့်မယ်။
၄။ ဆံကေသာအလှအတွက် အသုံးဝင်ခြင်း
ဆံပင်ကျွတ်ခြင်းနဲ့ ဆံကေသာနူးညံ့ပျော့ပျောင်းဖို့အတွက် ကော်ဖီနဲ့ ဆံပင်ပေါင်းတင်ပေးလို့ရပါတယ်။
၅။ မြေသြဇာအဖြစ် အသုံးဝင်ခြင်း
သင့်ခြံဝင်းထဲက ပန်းပင်လေးတွေ အပွင့်မပွင်ဘူးဆိုရင် ကော်ဖီမှုန့်ကို မြေဆီလွှာအဖြစ်အသုံးပြုလို့ရပါတယ်။
၆။ ကြောင်တွေရန်မှ ကာကွယ်ပေးတယ်
သင့်အိမ်နီးချင်းရဲ့ ကြောင်လေးတွေကို သင့်အိမ်အနီးဝန်းကျင်မှာ အပေါ့အလေးသွားလို့ စိတ်ညစ်နေတာလား။ ဒါဆိုရင်တော့ ကော်ဖီမှုန့်လေး ဖြန်းထားလိုက်မယ်ဆိုရင် ကြောင်တွေကို မနာကျင်စေဘဲ သူတို့ကိုခြောက်လှန့်လိုက်လို့ရပါတယ်။ ကြောင်တွေက ကော်ဖီရဲ့ပြင်းထန်စူးရှတဲ့အနံ့ကို မခံနိုင်ကြဘဲ လှည့်ပြန်သွားကြပါလိမ့်မယ်။
၇။ ခန္ဓာကိုယ် ကြေးချွတ်ဖို့အတွက်
ကော်ဖီမှုန့်အကြမ်းကို သံလွင်ဆီအနည်းငယ်ရောပြီး ခန္ဓာကိုယ်ပေါ်တိုက်ချွတ်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ သင့်အရေပြားပေါ်က ဆဲလ်သေလေးတွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်ဝင်းပလာပါလိမ့်မယ်။
၈။ အိမ်ထောင်ပရိဘောဂတွေအတွက်
ကော်ဖီမှုန့်ကို အဝတ်စအသုံးပြုပြီး သစ်သားစားပွဲပေါ်ကို ပွတ်တိုက်ပေးမယ်ဆိုရင် သင့်စားပွဲခုံလေးကို တောက်ပြောင်စေပြီး အသစ်အတိုင်းဖြစ်စေပါတယ်။
Source: Brightside.me