သင်က မိသားစုနဲ့ အဆင်မပြေလို့ဖြစ်ဖြစ်၊ တစ်ယောက်တည်း နေရတာ ကြိုက်လို့ပဲ ဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်လို့ တွေးထားတယ်ဆိုရင် သိထားသင့်တဲ့အရာတွေ ရှိပါတယ်။ အမှီအခိုကင်းတဲ့ အမျိုးသမီး ဖြစ်ချင်တယ်ဆိုကတည်းက သင်က သတ္တိရှိပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူဖြစ်ပါတယ်။ Independent Woman ဖြစ်ချင်တယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကတော့-

၁။ သင့်ဘဝရည်မှန်းချက်တွေကို သတ်မှတ်ပါ

သင့်ဘဝမှာ ဘာဖြစ်ချင်တာလဲ ဆိုတာကို အရင်ဆုံး သတ်မှတ်ဖို့ လိုပါတယ်။ ဒီလိုသတ်မှတ်ထားမှ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်ရက်မှာ ဘာပြီးရမယ်ဆိုတဲ့ အတွေးတွေ ကိုယ့်ခေါင်းထဲ အချိန်တိုင်းရှိပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်မှာပါ။ သင့်ရည်မှန်းချက်တွေ အမှန်တကယ်ဖြစ်လာမှ သင့်ကိုယ်သင် အားကိုးနိုင်မှာပါ။

၂။ ကိုယ့်ဘေးဝန်းရံသူတွေ

သင်က ဘယ်သူ့ကိုမှ အားမကိုးဘဲ နေချင်သူ ဆိုရင် သင့်လို အတွေးရှိသူတွေနဲ့ ပေါင်းသင့် ဝန်းရံထားသင့်ပါတယ်။ သင့်နားမှာ အမြဲ ပံ့ပိုးပေးနေတဲ့ သူငယ်ချင်းကောင်းတွေရှိမှ သင့်ခြေထောက်ပေါ် သင် ရပ်တည်နိုင်ဖို့ အားအင်တွေ ရှိမှာပါ။

၃။ အချိန်နဲ့ ငွေကို ရင်းနှီးမြှုပ်နှံပါ

သင့်အချိန်ကို အမြဲ အသုံးဝင်တဲ့နေရာတစ်ခုပေါ်မှာ အသုံးချနေသင့်ပါတယ်။ အမြဲအသစ်အသစ်တွေကို သင်ယူနေပြီး အကျိုးမရှိတာတွေကို လျှော့လုပ်သင့်ပါတယ်။ သူများထက် ထူးခြားနေဖို့က သူများ မလုပ်နိုင်တာတွေကို လုပ်မှ ထူးခြားလာမှာပါ။

၄။ ကိုယ်နေထိုင်ချင်တဲ့ ဘဝကို ကိုယ်တိုင်ဖန်တီးပါ

ဘယ်သူက ဘယ်လိုနေပါ ဆိုတဲ့စကားအတိုင်း လိုက်လုပ်စရာမလိုပါဘူး။ သင့်ဘဝကို သင်ပိုင်ပါတယ်။ အချိန်စက္ကန့်တိုင်းကို တန်ဖိုးထားပြီး ကိုယ့်ပုံစံအမှန်ကို ရှာဖွေသင့်ပါတယ်။

၅။ သင့်ကျန်းမာရေးနဲ့ သင့်ကိုယ်သင် ဂရုစိုက်ပါ

အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ Self Care နည်းလမ်းတွေဖြစ်တဲ့ အားကစားလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားတာ က သင့်ကို အချိန်အမှားစုမှာ စိတ်ချမ်းသာစေပါတယ်။

၆။ ကိုယ့်ကိုကိုယ် အားပေးပါ

တစ်ယောက်တည်းရပ်တည်တဲ့အချိန် အခက်အခဲများစွာ ကြုံလာရမှာပါ။ ဒီအချိန် ကိုယ့်ကိုကိုယ် ကူညီပြီး အားပေးဖို့လိုပါတယ်။ ဒါ့အပြင် တခြားသူတွေရဲ့ အခက်အခဲတွေကိုပါ ကိုယ်နိုင်တဲ့ဘက်က ကူညီပေးသင့်ပါတယ်။

၇။ တခြားသူတွေအတွက်စံပြပုဂ္ဂိုလ်ကောင်း

သင့်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိရင် ရောက်အောင်သွားပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ သင်က တခြားအမျိုးသမီးတွေအတွက် စံပြကောင်းတစ်ဦး ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အားကိုးနိုင်မှုက တခြားသူတွေအတွက် အတုယူစရာ ဖြစ်လာမှာပါ။

၈။ သင့်အမှားတွေကနေ သင်ယူပါ

အမှားတွေကနေပဲ သင်ယူရင်း အတတ်ပညာ တစ်ခုခု တက်မြောက်လာရတာချည်းပါပဲ။ ဒါကြောင့် အမှားတစ်ခုခု လုပ်မိပြီဆိုရင် ဒီအမှားကနေ သင်ခန်းစာယူပြီး နောက်ထပ်မဖြစ်အောင် ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar