သင်က တစ်ယောက်တည်းသမားဆိုရင် VD က သင့်အတွက် ခါးသက်တဲ့ နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ VD က ချစ်သူများနေ့ ဖြစ်တာကြောင့် သင့်အတွက် ပိုအထီးကျန်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလိုနေ့မျိုးမှာ အားတယ်ဆိုရင်တော့ ပျော်စရာကိစ္စတွေကို တစ်ယောက်တည်း လုပ်နိုင်ပါတယ်။
ဘယ်အရာပဲဖြစ်ဖြစ် နေတတ်ရင် ပျော်စရာကြီးပါပဲ။ VD မှာ သင်တစ်ယောက်တည်း လုပ်နိုင်တဲ့ ပျော်စရာကိစ္စတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Spa သွားပါ
Photo Source: Popsugar
သမီးရည်းစားတွေက ပန်းခြံနဲ့ တခြားနေရာတွေ သွားနေတဲ့အချိန် သင်က Spa မှာ တစ်ယောက်တည်း ဇိမ်ခံနေနိုင်ပါတယ်။ သင့်မျက်နှာ၊ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးသင့်ပါတယ်။
၂။ ကိုယ်ကြည့်မယ့် ဇာတ်လမ်းတွေကို စုထားပါ
Photo Source: Tech Baked
တစ်ယောက်တည်း အထီးကျန်တာမျိုး မခံစားရအောင် ဇာတ်လမ်းတွေနဲ့ အဖော်ပြုနိုင်ပါတယ်။ သင်က Vd မှာ ကြည့်မယ့် ဇာတ်လမ်းတွေကို ကြိုစုထားနိုင်ပါတယ်။ ကိုယ့်အိမ်မှာ စားစရာအပြည့်နဲ့ ဇာတ်လမ်းထိုင်ကြည့်တာကလည်း ပျော်စရာတစ်ခုပါပဲ။
၃။ စားသောက်ဆိုင်အသစ်မှာ သွားစားကြည့်ပါ
Photo Source: Dreamstime.com
သင်တစ်ခါမှ မစားဖူးတဲ့ နေရာတစ်ခုကို ကြိုရှာထားပြီး ဒီဆိုင်မှာသွားစားပါ။ အတွဲတွေ ထိုင်တာများတဲ့ ဆိုင်မဖြစ်ဖို့တော့ လိုပါတယ်။ ကိုယ်သွားတဲ့အချိန် အတွဲတွေ များတယ်ဆိုရင်လည်း ဒါတွေကို ဖြစ်ပျက်သဘောနဲ့ တရားရှုနေလိုက်ပါ။
၄။ ချောကလက်ဝယ်စားပါ
Photo Source: VideoHive
ဒီလိုနေ့မှာ ဘယ်သူမှ ချော့ကလက် မကျွေးရင်တောင် ကိုယ့်ဘာကိုယ် ဝယ်စားလို့ရပါတယ်။ လက်ဆောင်ရတာမျိုးဆိုရင် ကိုယ်မကြိုက်တဲ့ချောကလက် ပါနိုင်ပေမယ့် ကိုယ့်ဘာကိုယ် ဝယ်တာဆိုရင် ကိုယ်ကြိုက်ရာ အကောင်းဆုံး ရွေးချယ်နိုင်ပါတယ်။
၅။ ဟင်းတစ်မျိုးချက်ကြည့်ပါ
Photo Source: Pinterest
မချက်ဖူးတဲ့ အစားအသောက်တစ်ခုကို ချက်ပြုတ်ပြီး အပန်းဖြေကြည့်ပါ။ သင်ကြိုက်တဲ့ အစားအသောက်တစ်ခုကို အိမ်မှာ ဝယ်ပြီး စမ်းလုပ်ကြည့်နိုင်ပါတယ်။
၆။ ပြောင်းလဲမှုတစ်ခု
Photo Source: Salon Invi
VD နေ့မှာ ဆံပင်ပြောင်းတာ၊ အဝတ်အစားစတိုင် တစ်ခုခု ပြောင်းဝတ်ကြည့်တာ ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်လိုက်တာကြောင့် အထီးကျန်စိတ်မရှိဘဲ သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။
၇။ အကသင်တန်းတက်ပါ
Photo Source: Hella Sound
သင်က အကသင်တန်း မတက်ဖူးဘူးဆိုရင် ဒီလိုနေ့က ပျော်စရာနေ့ပါပဲ။ ကိုယ်မစမ်းသပ်ဖူးတဲ့ အရာတစ်ခုကို အက သင်တန်းသွားရင်း စမ်းသပ်ကြည့်သင့်ပါတယ်။
၈။ ညလုံးပေါက် ဂိမ်းဆော့ပါ
Photo Source: Freepik
ဒီလိုနေ့မျိုးမှာ တခြားကိစ္စတွေ မေ့ထားပြီး ဂိမ်းဆော့ပစ်ပါ။ ဂိမ်းဆော့တာက သင့်ကို ရှုံးရင် စိတ်ညစ်သွားစေသလို နိုင်ရင်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ဆာစေပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း ဂိမ်းဆော့တာက အသာယာဆုံးပါပဲ။