ကိုယ့်ကိုယ်ကို Confident ပိုရှိလာအောင် ကိုယ်တိုင်ပဲလုပ်ဆောင်ရမှာပါ။ ဒါမှလည်း လူအများကြား သွားရဲလာရဲ ပြောရဲဆိုရဲဖြစ်ပြီး သွက်လက်ထက်မြတ်လာမှာပါ။ ဒီအချက် ၈ ချက်ကတော့ ကိုယ့်ကိုယ်ကို Confident ပိုရှိလာအောင် ကူညီပေးမယ့်အချက်တွေ ဖြစ်ပါတယ်။

အခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရပ်လိုက်ပါ

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်လေ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လေပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို Confident ပိုရှိလာချင်ရင် တခြားသူတွေနဲ့နှိုင်းယှဉ်တာမျိုး လုံးဝမလုပ်ပါနဲ့။

အကောင်းမြင်တတ်သူတွေအနားမှာပဲနေပါ

အဆိုးမြင်နေတဲ့သူတွေနဲ့နေရင် ကိုယ့်ကိုယ်ကို Confident လျော့ကျလာစေပါတယ်။ စိတ်လည်းညစ်နွမ်းစေပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေနားနေရင် စိတ်ညစ်စရာရှိရင်တောင် သူတို့ရဲ့ စကားတွေ၊ အားပေးမှုတွေကြောင့် အားတက်လာစေပါတယ်။ ဒါကြောင့် အကောင်းမြင်တတ်တဲ့သူတွေအနားမှာပဲနေပါ။

Body ကိုဂရုစိုက်ပါ

အိပ်ရေးဝအောင်အိပ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အာဟာရသင့်တင့်မျှတအောင် စားသောက်ပါ။ ကျန်းမာလှပနေရင် ကိုယ့်ကိုယ်ကို Confident ပိုတိုးလာစေပါတယ်။

ကိုယ့်ကိုယ်ကိုကြင်နာပါ

 

တခြားသူတွေရဲ့ကြင်နာမှုထက် ကိုယ့်ကိုယ်ကိုကြင်နာပါ။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုလည်း ပိုချစ်လာရင်းနဲ့ Confident လည်း ပိုတိုးလာပါလိမ့်မယ်။

Positive Self-Talk ကိုလေ့ကျင့်ပါ

ကိုယ့်ကိုယ်ကို Positive ဖြစ်တဲ့ စကားတွေပဲပြောပါ။ ဒါမှ ကိုယ့်ကိုယ်ကို ပိုပြီးတော့ Confident ရှိလာမှာပါ။ ပိုပြီးတော့ Moti ရလာစေမှာပါ။

ကြောက်စိတ်တွေကိုဖယ်လိုက်ပါ

ကြောက်စိတ်တွေများနေရင် ကိုယ့်ကိုယ်ကို Confident ပျောက်ဆုံးလာစေပါတယ်။ ဒါကြောင့် ကြောက်စိတ်တွေကို ဖယ်ဖို့လိုပါတယ်။ ကိုယ်ကြောက်တဲ့အရာတစ်ခုကို ပတ်ပြေးနေတာမျိုးမလုပ်ပဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ကြောက်တဲ့စိတ်တွေ ပျောက်သွားပါလိမ့်မယ်။

ကောင်းတဲ့အရာတွေကိုပဲလုပ်ပါ

ကောင်းတဲ့အရာတွေကိုပဲလုပ်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပိုတိုးလာပြီး ကိုယ့်ရဲ့ အားသာချက်တွေလည်း ပိုတိုးလာစေပါတယ်။ စိတ်ချမ်းပြီး ကျေနပ်မှုတွေလည်း ရရှိစေပါတယ်။

လက်တွေ့ကျတဲ့ Goal တွေသတ်မှတ်ပါ

အရမ်းခက်တဲ့အရာ၊ သိပ်မဖြစ်နိုင်တဲ့အရာတွေကို Goal တစ်ခုလိုထားပြီး မျှော်လင့်နေရင် ပင်ပန်းပါတယ်။ မဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျရပါတယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ ကိုယ်ကြိုးစားရင်ရနိုင်တဲ့ အရာတွေကို Goal တစ်ခုလိုသတ်မှတ်ပြီး လုပ်မယ်ဆိုရင် ကိုယ်သတ်မှတ်လိုက်တဲ့ Goal တိုင်းက ဖြစ်မြောက်လာတဲ့အတွက် ငါလုပ်နိုင်တယ်၊ ငါလုပ်လိုက်ရင် အကုန်ရနေတာပဲဆိုပြီး ကိုယ်ကိုယ်ကို ယုံကြည်မှုကလည်း ပိုတိုးလာစေပါတယ်။