ဆံပင်ပါးလို့၊ ဆံပင်မသန်လို့ အရှည်နှေးလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဆံသားသန်စွမ်းတောက်ပြောင်စေဖို့ ကူညီပေးမယ့် နည်းလမ်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့နည်းလမ်းတွေဖြစ်လို့ လုပ်ရတာအဆင်ပြေမှာပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်က ဆံသားသန်စွမ်းစေပြီး ဆံပင်အုံထူစေတယ်၊ ဆံပင်အရှည်မြန်စေပါတယ်။ ဒါ့အပြင် ဦးရေပြားပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

Hair mask

Hair mask သုံးပေးခြင်းက ဆံသားကို အမြစ်ကနေ အဖျားအထိ ရေဓာတ်ဖြည့်ပေးပြီး ဆံသားအုံထူလာစေတယ်၊ ဆံသားတောက်ပြောင်လာစေပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန် hair mask သုံးပေးသင့်ပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီက ဆံသားသန်စွမ်းစေပြီး ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ ဦးရေပြားနဲ့ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ အစိုဓာတ်ကိုလည်း ရရှိစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်ဂျယ်က ဆံပင်ကျွတ်တာ သက်သာစေပြီး ဆံပင်အုံထူစေပါတယ်။ ဆံသားနဲ့ဦးရေပြား အေးမြစေပြီး ဆံပင်လည်းပျော့စေပါတယ်။ ဗောက်ထခြင်းလည်း သက်သာစေပြီး အဆီပိုထွက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ခေါင်းလျှော်ရည်သေချာရွေးချယ်ပါ

ကိုယ့်ဆံပင်အမျိုးအစားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို သေချာရွေးဝယ်ပါ။ ခေါင်းလျှော်ရည်အရွေးမှားရင် ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေ ဖြစ်စေတဲ့အတွက် ဆံသားကို အစိုဓာတ်သေချာရရှိစေတယ်၊ ဆံသားကျန်းမာစေဖို့ ကူညီပေးမယ့် ခေါင်းလျှောက်ရည်တွေကို ရွေးချယ်ပါ။

အုန်းဆီ

ခေါင်းမလျှော်ခင်ညမှာ ဆံသားအနှံ့ အုန်းဆီသေချာလိမ်းပြီး ပေါင်းအိပ်ပါ။ နောက်နေ့မှ ခေါင်းလျှော်ပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပြီး ဆံသားကျန်းမာသန်စွမ်းစေတယ်၊ ဆံသားတောက်ပြောင်စေပါတယ်။

Heat styling နဲ့ chemical hair treatment တွေရှောင်ပါ

Chemical များစွာပါဝင်တဲ့ product တွေကို သုံးစွဲခြင်းကြောင့် ဆံသားသိသိသာသာ ထိခိုက်ပျက်စီးစေပါတယ်။ Heat styling တွေသုံးတာလည်း တူတူပါပဲ။ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေဆုံးရှုံးပြီး ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် ဒီအရာတွေကို ရှောင်ဖို့လိုပါတယ်။

ကြက်ဥ

ကြက်ဥမှာက proteins, minerals, vitamin B-complex တွေအဓိကပါတာကြောင့် ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဆံသားသန်စွမ်းစေပြီး ဆံပင်ထူလာစေဖို့၊ ဆံပင်ကျွတ်တာ သက်သာစေဖို့၊ ဆံသားတောက်ပြောင်စေဖို့ ကူညီပေးနိုင်ပါတယ်။