မကြာခင်ကပဲ Reddit အဖွဲ့အစည်းကနေ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆွေးနွေးမှုမှာ ပြောဆိုသူတွေဟာ သူတို့ရဲ့ သူငယ်ချင်း ဆွေမျိုးတွေထဲက အတ္တကြီးသူတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အတ္တကြီးသူတွေက တစ်ခါတလေ ပတ်ဝန်းကျင်မှာ စိတ်ပျက်စရာ ဖြစ်နေတတ်ပါတယ်။ ဒီလိုလူမျိုးတွေက ဘယ်လိုအကျင့် အပြုအမူတွေရှိလဲ ကြည့်လိုက်ရအောင်နော်။ သင်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ပြသနေတဲ့အချက်တွေကတော့-

၁။ တာဝန်ယူမှုမရှိတာ

တာဝန်ယူမှုမရှိတာကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ Reddit မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုလူတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲဆိုတော့ အဆိုးမြင်စိတ်တွေကို ခံနိုင်ရည်မရှိတာ။ သတ္တိမရှိတာ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာတွေပါဝင်ပါတယ်။

၂။ ဝေဖန်မှုတွေကို လက်မခံနိုင်တာ

ဘယ်သူမှတော့ ဝေဖန်တာမလိုချင်ပါဘူး။ ဒီလိုဝေဖန်တဲ့နေရာမှာလည်း အပြုသဘောနဲ့ ကိုယ့်ကိုကောင်းစေချင်လို့ ဝေဖန်တာဆိုရင် လက်ခံပေး သင့်ပါတယ်။ ဒီဝေဖန်မှုတွေကနေ ကိုယ့်ကိုကိုယ် ပြောင်းလဲယူနိုင်ပါတယ်။ ဝေဖန်မှုကို လက်မခံနိုင်သူတွေမှာ တွေ့ရတဲ့လက္ခဏာတွေကတော့ ဆင်ခြင်သုံးသပ်စိတ်မရှိတာ။ ပြဿနာကို သေးအောင်မလုပ်တတ်တာ။ ပြစ်တင်တာကို မခံနိုင်တာတွေပါဝင်ပါတယ်။

၃။ တခြားလူတွေရဲ့ ခန္ဓာကိုယ်ပုံစံကို လှောင်ပြောင်တာ

လူတစ်ယောက်နဲ့ တစ်ယောက် ပုံသဏ္ဍာန်မတူပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံစံကို ပြတ်ရယ်ပြုတာကလည်း လူကောင်းတစ်ယောက်ရဲ့ အပြုအမူမဟုတ်ပါဘူး။ တကယ်လို့ သင်က သူများလှောင်ပြောင်တာ ခံရတဲ့အခါ လုပ်သင့်တဲ့အရာတွေကတော့- တစ်ချက်ကြည့်ပြီး ထပ်မကြည့်တော့တာ။ ကဲ့ရဲ့သူနဲ့ ဝေးဝေးရှောင်ပြီး ကိုယ့်ရဲ့ခံစားမှုကို မပြတာ။ အဲ့လူနဲ့ အဆက်အဆံမလုပ်တော့တာ စတာတွေလုပ်သင့်ပါတယ်။

၄။ တောင်းပန်ချင်စိတ်မရှိတာ

တောင်းပန်တယ်ဆိုတဲ့စကားက တစ်ယောက်နဲ့တစ်ယောက် အမှားလုပ်မိရင်ပြောကိုပြောသင့်တဲ့စကားပါ။ ပြောသင့်တဲ့အချိန်မှာ မပြောလိုက်တာက အခြေအနေကို ပိုပြီးဆိုးစေပါတယ်။

၅။ အခြားလူတွေရဲ့ အလုပ်ကို လေးစားမှုမရှိတာ

တခြားလူတွေရဲ့ အလုပ်ကို နားလည်ပေးမှုမရှိတာက ဘယ်သူ့အတွက်မှမကောင်းပါဘူး။ တခြားလူတွေကိုလေးစားမှုမရှိတဲ့လူတွေမှာ တွေ့ရတဲ့အကျင့်တွေကတော့- ကိုယ့်ရဲ့ ဆိုးကွက်တွေကို အတင်းဖုံးကွယ်ချင်တာ၊ လူတွေကို စကားလမ်းတည့်အောင် မပြောတတ်တဲ့အကျင့်တွေပါ။

၆။ မျက်နှာများတာ

သင့်ရှေ့မှာတော့ သင့်ကို ပြုံးရယ်ပြပြီး သင့်နောက်ကွယ်မှာတော့ သင့်မကောင်းကြောင်းပြောသူတွေကို တွေ့ဖူးမှာပါ။ ဒီလိုလူမျိုးတွေနဲ့ ကြုံတဲ့အချိန် သူတို့ကို လက်တုံ့ပြန်တာမျိုးကို ရှောင်ရှားရပါမယ်။ မျက်နှာများသူတွေက လူကောင်းတွေမဟုတ်ပါဘူး။

၇။ အပြောနဲ့အလုပ် မညီတဲ့သူတွေ

တချို့တွေရှိပါတယ်။ ငါပြောတာကိုလုပ် ငါကတော့ မလုပ်ဘူးဆိုတဲ့လူမျိုးတွေပါ။ ဒီလိုလူမျိုးတွေက လူကောင်းတွေမဟုတ်ပါဘူး။ သင့်မှာလည်း ဒီလိုအကျင့်မျိုးရှိရင် ပြောင်းလဲသင့်ပါတယ်။

၈။ လူတွေရဲ့ အောင်မြင်မှုသေးသေးလေးတွေကိုတောင် မနာလိုဖြစ်တာ

တချို့တွေက သင်တစ်ခုခုလုပ်ပြီး အောင်မြင်ရင်တောင် မနာလိုဖြစ်တတ်ကြပါတယ်။ ဒီထဲမှာ သင့်သူငယ်ချင်းတွေတောင် ပါရင်ပါနေမှာပါ။ ဒီလိုမနာလိုစိတ်ရှိသူတွေကလည်း လူကောင်းတွေမဟုတ်ပါဘူး။

Source: Brightside.me

By MyStyle Myanmar