သင်က ကိုယ်တိုင် ချက်ပြုတ်နေကျ မဟုတ်ဘူးဆိုရင်တော့ ဒီအကြောင်းအရာကို ဖတ်နေမိမှာမလွဲမသွေပဲ။ ဟင်းမချက်တတ်တဲ့ မိန်းကလေးအများစုမှာ တွေ့ရတတ်တဲ့ အဖြစ်အပျက်တစ်ခုကတော့ ကိုယ်တိုင် ချက်လိုက်တဲ့ ဟင်းပွဲတစ်ခုကို မြည်းကြည့်ပြီး ဆက်မစားနိုင်တော့တာပါပဲ။ သင်ချက်တဲ့ ဟင်းကအရသာမဆိုးရင်တောင် တစ်ဇွန်းစားပြီး ဗိုက်ပြည့်သွားတတ်ပါတယ်။ ဆီစင်မှာကြောက်လို့၊ အချက်အပြုတ်စိတ်မဝင်စားလို့ စတဲ့အကြောင်းပြချက်တွေကြောင့် သင်က ဟင်းမချက်တတ်ဘူးဆိုရင် အောက်ဖော်ပြပါ အမူအကျင့်၊ အခက်အခဲတွေကို တွေ့ရတတ်ပါတယ်။

၁။ ဗိုက်အမြဲဆာတတ်တယ်

မချက်မပြုတ်တတ်တဲ့ မိန်းကလေးတွေက ချက်ပြုတ်တတ်သူတွေထက် ပိုဗိုက်ဆာလွယ်တတ်ကြပါတယ်။ ကိုယ်လုပ်ရတာ မဟုတ်တာကြောင့် အချိန်တိုင်း ဘာစားရမလဲစဉ်းစားနေတတ်ပြီး ခဏခဏ ဗိုက်ဆာတတ်ပါတယ်။

၂။ Facebook က ချက်နည်းပြုတ်နည်းဗီဒီယိုအတိုတွေ

Facebook ပေါ်က ချက်ပြုတ်နည်း ဗီဒီယိုအတိုလေးတွေကြည့်ပြီး စိတ်အားထက်သန်ကာ ကိုယ်တိုင် လိုက်ချက်ချင်ကြပါတယ်။ ဗီဒီယိုအတိုလေးတွေက ဟင်းမချက်တတ်တဲ့ သင့်အတွက် အားရစရာ ဖြစ်နေတတ်ပြီး တကယ်လုပ်တဲ့ အချိန်မှာတော့ သင်က စိတ်မရှည်တော့ပါဘူး။

၃။ ရေခဲထားတဲ့ အစားအသောက်တွေ

မချက်တတ်တဲ့ မိန်းကလေးတွေရဲ့ ကိုယ်ပိုင် ရေခဲသေတ္တာထဲမှာ နေရာယူတတ်တာက ခဲထားတဲ့ အစားအသောက်တွေပါပဲ။ ဒီအစားအသောက်တွေက မချက်တတ်တဲ့ သင့်အတွက်တော့ အဖော်မွန်တွေ ဖြစ်နေတတ်ပါတယ်။

၄။ ပါဆယ်ခဏခဏ မှာစားတယ်

မချက်တတ်တဲ့ မိန်းကလေးတွေမှာ အတွေ့ရအများဆုံး အမူအကျင့်ကတော့ အပြင်စာ မှာစားတာပါ။ သူတို့အတွက်တော့ Online ကနေ မုန့်မမှာရတဲ့ရက်ဆိုတာ မရှိသလောက်ပါပဲ။

၅။ ငွေသုံးစွဲမှု

ဟင်းမချက်တတ်တဲ့ မိန်းကလေးတွေက အစားအသောက်မှာ ငွေအများဆုံးသုံးတတ်ကြပါတယ်။ ကိုယ်တိုင် မလုပ်ချင်တာကြောင့် အလွယ်တကူ ရတာတွေ မှာစားရင်း သင့် Budget က လုံးပါး ပါးသွားတတ်ပါတယ်။

၆။ သင်စားတာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး

ဒီလိုမိန်းကလေးတွေက သူတို့ စားသမျှဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိပေမယ့် ဒါကို မရပ်တန့်နိုင်ပါဘူး။ ကိုယ်စားသမျှက အပြင်စာတွေ ဖြစ်တတ်တာကြောင့် အာဟာရ မျှမျှတတ မရနိုင်ကြပါဘူး။

၇။ သင့်သူငယ်ချင်းတွေက သင့်ကို ယောကျာ်းမရနိုင်ဘူးလို့ စနောက်တတ်ကြတယ်

သင်က အချက်အပြုတ်မှာ တဖက်ကမ်းခတ်အောင် မကျွမ်းကျင်တာကြောင့် သင့်သူငယ်ချင်းတွေက “နင့်ကို ယူမယ့် ယောကျာ်း မရှိလောက်ဘူး” ဆိုပြီး စနောက်တတ်ကြပါတယ်။

၈။ ကိုယ့်မိဘနဲ့ သူငယ်ချင်းတွေကို ချက်နည်းပြုတ်နည်း မေးတတ်တယ်

ဒီလို မေးရင်လည်း ခဏပါပဲ။ ကြာလာတော့လည်း သူတို့ ပြောသမျှက လေထဲ ပျောက်သွားတတ်ပြီး ဘယ်က စလုပ်လို့ စရမှန်း မသိတော့ပါဘူး။

သင်က ဟင်းချက်တာ ဝါသနာမပါတဲ့ မိန်းကလေးဆိုရင်တော့ ဒီအချက်တွေကို ကြုံရမှာ မလွဲမသွေပါပဲ။ ဒီတော့ သင်နဲ့ တိုက်ဆိုင်ရဲ့လား ပြောပြခဲ့ပါဦး။

Source: theodysseyonline.com

Photo Source: Pinterest

By MyStyle Myanmar