မိန်းကလေးတွေက တစ်ခါတလေ ပြောမှသိတာမျိုးကို မလိုချင်ကြပါဘူး။ မပြောဘဲ သူ့အသိစိတ်နဲ့ လုပ်ပေးတာမျိုးကို မိန်းကလေး အများစု သဘောကျတတ်ပါတယ်။ ဒါ့အပြင် လုံးဝကို မပြောချင်ဘဲ ယောကျာ်းလေးတွေ မဖြစ်မနေ သိရမယ်ဆိုတဲ့ အချက်တွေ ရှိပါတယ်။ သင် က ယောကျာ်းလေးဆိုရင် အောက်ဖော်ပြပါ အချက်တွေကိုချစ်သူမိန်းကလေးက ဖွင့်ထုတ်မပြောလည်း သိနေသင့်ပါတယ်။ တကယ်လို့ သူက ပြောရမှ သင်သိတယ်ဆိုရင် သူစိတ်ဆိုးတာ ခံရနိုင်ပါတယ်။ သင်က မိန်းကလေးတစ်ယောက်ဆိုရင်လည်း သင့်ချစ်သူကောင်လေးသိနိုင်ဖို့ Mention ခေါ်သွားဖို့ မမေ့နဲ့နော်။

စောဒကမတက်ဘဲ နားထောင်ပါ

ယောကျာ်းလေးအများစုက သေချာနားမထောင်ဘဲ ဆရာပြန်လုပ်တတ်ကြပါတယ်။ မိန်းကလေးရဲ့ ခံစားချက်ကိုသေချာ နားထောင်ပေးပြီး သူစိတ်ညစ်နေတဲ့အခါမှာ ယောကျာ်းလေးဖြစ်တဲ့ သင်က အပြည့်အဝ နားလည်ပေးသင့်ပါတယ်။

သတိထားပေးပါ

သင့်အတွက် ပြောင်းလဲပေးနေတဲ့ မိန်းကလေးတွေရဲ့ ကြိုးစားမှုကို မပြောလည်း အသိအမှတ်ပြု သတိထားသင့်ပါတယ်။ ဥပမာ- ဆံပင်ပုံစံပြောင်းလာရင် သင့်ထင်မြင်ချက်ပြောတာ၊ ရေမွှေးဆွတ်လာရင် မွှေးတယ်လို့ ချီးကျူးတာစသဖြင့်ပါ။

အာရုံစိုက်ပေးပါ

ကောင်မလေး စကားပြောတဲ့အချိန် တခြားအလုပ်မလုပ်ဘဲ သေချာ အလေးအနက်ထား နားထောင်သင့်ပါတယ်။သူက ဘယ်လောက်ပဲ ရစ်ပါစေဦးတော့ သင့်ဘက်က စိတ်ရှည်ပေးသင့်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှု

ယောကျာ်းလေးတွေအနေနဲ့ ချစ်သူနဲ့ ဘယ်လောက်ပဲ တွဲတာကြာပါစေ ကိုယ့်ကိုယ်ကိုယ် ပြင်ပြင်ဆင်ဆင် သန့်သန့်ပြန့်ပြန့် နေသင့်ပါတယ်။

စိတ်အပြောင်းအလဲမြန်ပါတယ်

မိန်းကလေးအများစုရဲ့ စိတ်က တပြေးတည်း ရှိမနေပါဘူး။ မလိုဘူးလို့ ပြောလည်း စိတ်ထဲလိုချင်နေတတ်တာမျိုးပါ။ ယောကျာ်းလေးတွေအနေနဲ့ ဒါကို နားလည်ထားရပါမယ်။

ကူညီပေးပါ

မိန်းကလေးလုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ကိစ္စတွေမှာလည်း သင်က ကူညီပေးသင့်ပါတယ်။

ရိုးသားပါ

မိန်းကလေးတွေ ချစ်သူနဲ့ လမ်းခွဲရခြင်း အကြောင်းအရင်းက သူတို့ရဲ့ မရိုးသားမှု၊ လိမ်ညာမှုကြောင့်ပါ။ ယောကျာ်းလေးတွေ အနေနဲ့ တခြားသူအပေါ် စိတ်ပြောင်းလဲသွားရင် ဒါကို ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သင်မပြောလည်း သင့်မူမမှန်မှုကို မိန်းကလေးတွေက သိနှင့်နေတတ်ပါတယ်။

ကြိုးစားတာကို မရပ်ပါနဲ့

ကောင်မလေး တစ်ယောက်ကို ချစ်မိရင် သူ့အတွက် အမြဲကြိုးစားနေသင့်ပါတယ်။ သင်သူ့ကို ချစ်ကြောင်း အမြဲအမူအရာတွေနဲ့ ပြသနေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar