ဒိုင်ယာရီရေးတဲ့၊ Journaling လုပ်တဲ့ပျိုမေတို့မှာ ထည့်ရေးတဲ့ အတွေးအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုး ရှိပါတယ်။ သင်က ဒီလိုရေးတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ဒါကို အသုံးချပြီး သင့်ဘဝ ပြောင်းလဲတိုးတက်အောင် ဖန်တီးနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက် (၈) ချက်က သင့် ဒိုင်ယာရီ စာအုပ်ထဲ မဖြစ်မနေ ပေါင်းထည့်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ Inspiration ရစေမယ့် ဆောင်ပုဒ်တွေ

မိန်းကလေးတိုင်း ဆုပ်ကိုင်ထားတတ်တဲ့၊ ယုံကြည်ထားတတ်တဲ့ ဆောင်ပုဒ်လေးတွေ ရှိပါတယ်။ ဒီလို ဆောင်ပုဒ်တွေက သင် အခက်အခဲ ကြုံနေချိန်၊ စိတ်ညစ်နေချိန်မှာ ဘေးက ဖေးမပေးနိုင်တာကြောင့် သင့်ဒိုင်ယာရီထဲ ထည့်ရေးသင့်ပါတယ်။

၂။ သင့်ကိုယ်သင် စာရေးတာ

လက်ရှိအချိန် သင်ကနေ အနာဂတ် သင့်ဆီ စာရေးတာမျိုး လုပ်နိုင်ပါတယ်။ အနာဂတ်မှာ ပိုအောင်မြင်နေတဲ့ သင့်ဆီ ရည်မှန်းပြီး ရေးနိုင်ပါတယ်။

၃။ ရည်မှန်းချက် List

သင့်ရည်မှန်းချက်တွေကို အမြဲ သတိရနေဖို့ အိပ်မက်ပန်းတိုင်တွေကို ဒိုင်ယာရီထဲ ရေးထားနိုင်ပါတယ်။

၄။ စားမယ့် Plan တွေ လေ့ကျင့်ခန်းတွေ

အစားအသောက်နဲ့ လေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရေးပါတာကို သင်သိပြီး ဖြစ်မှာပါ။ ဘယ်နေ့မှာ ဘယ်လိုစားမယ်၊ ဘယ်လေ့ကျင့်ခန်း လုပ်မယ် စသဖြင့် စာအုပ်ထဲ သင့် Plan ကို ချရေးနိုင်ပါတယ်။

၅။ ချိန်းထားတာတွေ

အရေးကြီးတဲ့ အချိန်းအချက်တွေကို သင့်ဒိုင်ယာရီထဲ ရေးနိုင်ပါတယ်။ ဒီလိုဆိုရင် သင် လွယ်လွယ်နဲ့ မမေ့နိုင်တော့ပါဘူး။

၆။ သူငယ်ချင်းတွေရဲ့ Message တွေ

သင့်စာအုပ်ထဲ သူတို့ကို ရေးခိုင်းတာက နည်းနည်းတော့ အူကြောင်ကြောင် နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒီလို ရေးပေးခြင်းက သူတို့ကို သတိရတာနဲ့ အမြန် လှန်လှောဖတ်နိုင်ပါတယ်။

၇။ အသုံးဝင်တဲ့ နံပါတ်တွေ၊ ဒိတ်တွေ

သင့်ဘဝအတွက် အရေးပါတဲ့ သူတွေရဲ့ မွေးနေ့ကို သင့်ဒိုင်ယာရီထဲ ရေးနိုင်ပါတယ်။ သင့် Password နံပါတ်တွေကိုလည်း စာအုပ်ထဲ သေချာ မှတ်ထားနိုင်ပါတယ်။

၈။ ဓာတ်ပုံတွေ

ဆောင်ပုဒ်လိုပဲ ကိုယ်ချစ်တဲ့သူတွေရဲ့ ဓာတ်ပုံတွေက ခက်ခဲတဲ့ အချိန်တွေကို ကျော်လွှားနိုင်ဖို့ ဘေးက ကူညီပေးနေတတ်ပါတယ်။ ဒီလို ဓာတ်ပုံလေးတွေကို ပြန်ကြည့်ရတာက သင့်ကို ပြုံးစေနိုင်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar