နှုတ်ခမ်းအမြဲကွဲနေတတ်တဲ့သူတွေအနေနဲ့ သတိထားဖို့လိုတဲ့အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။ နှုတ်ခမ်းက တစ်ခါတစ်လေကွဲတာမျိုးမဟုတ်ပဲ အမြဲတမ်းဖြစ်နေတာဆိုရင် သူများထက်ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်။

နှုတ်ခမ်းကိုမကလိပါနဲ့

အရေးအကြီးဆုံး သတိထားဆင်ခြင်ရမယ့် အချက်ကတော့ နှုတ်ခမ်းကို မကလိဖို့ပါပဲ။ နှုတ်ခမ်းကိုကလိပြီး ကုတ်ဖဲ့တာ၊ ခွာတာတွေလုပ်နေရင် ပိုဆိုးပြီး သွေးထွက်တာ၊ ပိုးဝင်တာတွေအထိ ဖြစ်လာပါလိမ့်မယ်။

Chemical များတာတွေမသုံးပါနဲ့

နှုတ်ခမ်းအမြဲကွဲနေရင် Chemical များတဲ့ Lip Products တွေကို လုံးဝမသုံးပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။ ဒီအချက်ကိုလည်း သတိထားဖို့ အရေးကြီးပါတယ်။

Long Lasting ဖြစ်တဲ့ နှုတ်ခမ်းနီမဆိုးပါနဲ့

တကယ်တော့ နှုတ်ခမ်းအမြဲကွဲတတ်တဲ့သူတွေက နှုတ်ခမ်းနီမဆိုးပဲနဲ့ Lip Balm လောက်ပဲ ဆိုးသင့်တာပါ။ ကိုယ်က နှုတ်ခမ်းနီမဆိုးရရင် မနေနိုင်ဘူးဆိုရင်တောင်မှ Lip Balm ဆိုးပြီးတော့မှ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကို ဆိုးပေးပါ။ Long Lasting ဖြစ်တဲ့ နှုတ်ခမ်းနီတော့ လုံးဝမဆိုးပါနဲ့။

Expired ဖြစ်တာတွေမသုံးမိပါစေနဲ့

ကိုယ်သုံးနေတဲ့ Lip Product တွေရဲ့ Expired ကို သေချာကြည့်ပါ။ Expired ဖြစ်တာတွေ မသုံးမိပါစေနဲ့။ နှုတ်ခမ်းပိုးဝင်ပြီး ပိုဆိုးသွားပါလိမ့်မယ်။

SPF မသုံးပဲမနေပါနဲ့

နှုတ်ခမ်းအမြဲကွဲနေရင် နှုတ်ခမ်းသားက ပျက်စီးနေတာပါပဲ။ ပိုပျက်စီးတာမျိုး မဖြစ်အောင် SPF သုံးပေးပါ။ SPF ပါတဲ့ Lip Balm တွေ သုံးပေးပါ။

Exfoliate မလုပ်ပဲမနေပါနဲ့

နှုတ်ခမ်းကွဲနေလို့ Exfoliate မလုပ်ပဲမနေပါနဲ့။ တစ်ပတ်တစ်ခါ နှုတ်ခမ်းကို Exfoliate ပုံမှန်လုပ်ပေးပြီး Lip Balm (သို့) Lip Mask ဆိုးပေးမယ်ဆိုရင် သက်သာလာပါလိမ့်မယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိမ်းသောက်ရင် နှုတ်ခမ်းကွဲခြောက်တာ၊ နှုတ်ခမ်းသားပျက်စီးတာက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တာလည်း ဆင်ခြင်သင့်ပါတယ်။

Dehydration မဖြစ်ပါစေနဲ့

နှုတ်ခမ်းက အမြဲတမ်းကွဲခြောက်နေတယ်ဆိုရင် Dehydration မဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဒီတော့ ရေများများသောက်ပါ။ Lip Balm အမြဲဆိုးပါ။