မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်တဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးနားတစ်ဝိုက် အသားအရေကို ဂရုစိုက်ပေးဖို့က အရမ်းကိုအရေးကြီးပါတယ်။ မျက်လုံးအောက်နားက အရေးအကြောင်းတွေ သက်သာစေဖို့နဲ့ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် Dermatologists တွေကိုယ်တိုင် ပုံမှန်လုပ်ပေးဖို့ အကြံပြုထားတဲ့အရာ ၈ ခုကို ပြောပြပေးလိုက်ပါတယ်။
Retinol သုံးပါ
အရေးအကြောင်းတွေအတွက်ဆိုရင် Retinol က အရမ်းကောင်းပါတယ်။ ဒါပေမယ့် စစသုံးမယ်ဆိုရင် % နည်းတာကို စသုံးပါ။ တခြားနေရာတွေက အရေးအကြောင်းတွေ မဖြစ်ဘူး၊ မျက်လုံးအောက်နားလေးတွေပဲ ဖြစ်တာဆိုရင် Retinol Eye Cream တွေ သုံးပေးပါ။
Eye Cream သုံးပါ
ဆယ်ကျော်သက်အရွယ်ထဲကသာ Eye Cream ကောင်းကောင်းတစ်ခုကို သေချာစွဲသုံးပေးမယ်ဆိုရင် မျက်လုံးနားတစ်ဝိုက် အသားအရေက စိုစိုတင်းတင်းလေးဖြစ်ပြီး အရေးအကြောင်းတွေလည်း အမြန်ဖြစ်မှာမဟုတ်ပါဘူး။ မျက်ကွင်းညိုတာတွေလည်း မဖြစ်စေပါဘူး။ ဒါကြောင့် Eye Cream ကို မဖြစ်မနေသုံးပါ။
Facial Massage လုပ်ပါ
Facial Massage ပုံမှန်လုပ်ပေးခြင်းက အသားအရေ တင်းရင်းစေပြီး အရေးအကြောင်းမဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေ ဖြစ်နေရင်လည်း သက်သာစေပါတယ်။
Sunscreen လိမ်းပါ
Sunscreen မလိမ်းရင် အရေးအကြောင်းတွေ မြန်မြန်ဖြစ်ပါမယ်။ အသားအရေပျက်စီးလာပါမယ်။ ဒါကြောင့် Sunscreen လိမ်းပါ။ Sunscreen မလိမ်းပဲနေရင် ရှိနေတဲ့အရေးအကြောင်းတွေတောင် ပိုများလာပါလိမ့်မယ်။
Eye Applicator
ညတိုင်း Eye Cream လိမ်းပြီးရင် Eye Applicator, Eye Rollers လေးတွေနဲ့ ဖြေးဖြေးချင်းစီ Massage လုပ်နှိပ်နယ်ပေးပါ။
အရက်နဲ့ဆေးလိပ်ရှောင်ပါ
အရက်နဲ့ဆေးလိပ်က အသားအရေအတွက် လုံးဝမကောင်းပါဘူး။ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကိုလည်း မြန်မြန်ဖြစ်စေပါတယ်။ ဒါကြောင့် အရက်နဲ့ဆေးလိပ်ကို ရှောင်ပါ။
အိပ်ရေးမပျက်ပါစေနဲ့
အိပ်ရေးပျက်ရင် မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ ပိုဆိုးပါလိမ့်မယ်။ မျက်ကွင်းတွေလည်း ညိုလာမယ်၊ အသားအရေလည်း ညစ်လာပါမယ်။ ဒါကြောင့် အိပ်ရေးမပျက်ပါစေနဲ့။ စောစောအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။
Screen Time လျှော့ပါ
Screen Time အရမ်းများရင် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ သိသိသာသာကို ပေါ်လာစေပါတယ်။ ဒါကြောင့် Screen Time လျှော့ပါ။