စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အမျိုးသမီးတွေက ဒီလိုအရာတွေကို ဘယ်တော့မှမလုပ်ပါဘူး။ သင့်အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အမျိုးသမီး ဖြစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကို ကြိုးစားပြီး ပြောင်းလဲပြင်ဆင်သင့်ပါတယ်။

Attention ရအောင်မလုပ်ဘူး

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ခွန်အားရှိနေတဲ့ အမျိုးသမီးတွေက ဘယ်သူ့ဆီကမှ Attention ကို မလိုအပ်ပါဘူး။ ဘယ်သူမှမရှိလည်း တစ်ယောက်ထဲ အဆင်ပြေအောင်နေနိုင်တဲ့သူတွေပါ။

တခြားသူတွေဆွဲချတာမျိုးအဖြစ်မခံဘူး

စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီးသားဖြစ်တဲ့အတွက် တခြားဘယ်သူကမှ ဆွဲချလို့မရပါဘူး။ ကိုယ့်ကိုယ်ဒုက္ခရောက်အောင်၊ စိတ်ဆင်းရဲအောင် လုပ်ရင်တောင်မှ ပြိုလဲသွားမယ့်သူမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယုံကြည်မှုဘယ်တော့မှမပျောက်ဘူး

ကိုယ့်ကိုယ်ကိုယုံကြည်မှုအမြဲရှိပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေတဲ့အတွက် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်သွားမှာ မဟုတ်ပါဘူး။

ချစ်ရမှာကိုမကြောက်ဘူး

တစ်ခုခုဆို ထားခဲ့ခံရမှာတွေ၊ ခံစားရမှာတွေ ဘာမှမကြောက်ပဲ ချစ်နေတဲ့အချိန်မှာ အကောင်းဆုံးနေပေးပြီး အဆင်မပြေလို့ လမ်းခွဲလိုက်ရင်လည်း လက်ခံနိုင်တယ်ဆိုတဲ့စိတ်နဲ့ ချစ်ရမှာကိုလည်း မကြောက်တော့ပါဘူး။

“NO” ပြောဖို့ဝန်မလေးဘူး

တချို့ဆိုရင် မလုပ်နိုင်ပဲနဲ့ အားနာပြီး “NO” လို့ပြောရမှာကို ဝန်လေးတတ်ကြပါတယ်။ ကိုယ်မလုပ်နိုင်တာကို လက်ခံမိရင် ကိုယ်ပဲပင်ပန်းတာပါ။ စိတ်ပိုင်းဆိုင်ကြံ့ခိုင်ပြီးသားသူတွေကတော့ ကိုယ်မလုပ်နိုင်ရင်၊ မလုပ်ချင်ရင် ပြတ်ပြတ်သားသား ငြင်းနိုင်ပါတယ်။

Challenge တွေကိုမငြင်းဘူး

စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ အမျိုးသမီးတွေက ဘယ်လိုစိန်ခေါ်မှုမျိုးမဆို ကြောက်ရွံ့မနေပဲ ရင်ဆိုင်ဖို့၊ အကောင်းဆုံးလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ။

အချိန်မဖြုန်းဘူး

အချိန်ဖြုန်းတာမျိုးတွေလည်းမလုပ်ပဲ ကိုယ်လုပ်စရာရှိတာကိုလုပ်ရင်းနဲ့ အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်ကြပါတယ်။

ဘယ်တော့မှအရှုံးမပေးဘူး

စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အမျိုးသမီးတွေက အရှုံးတွေ၊ အဆင်မပြေမှုတွေကြုံလာလည်း ထိုင်ပြီးစိတ်ညစ်နေတာမျိုး မဖြစ်ပဲ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီး နောက်တစ်ကြိမ် ပြန်လည်ကြိုးစားကြပါတယ်။ ဘယ်တော့မှ အရှုံးပေးလိုက်တယ်ဆိုတာ မရှိပါဘူး။