အမှားကိုအမှန်အပြင်ခံရသည့်အခါ ပြန်လည်တိုက်ခိုက်ခြင်း

မိမိကိုယ်ကို ယုံကြည်မှုရှိသူများသည် သူတို့၏ကိုယ်ပိုင်အရည်အသွေးနှင့် အမှားများကို နားလည်ကြပြီး တပါးသူ၏ အပြုသဘောဆောင်သော ဝေဖန်ပြောဆိုမှုများကို ယဉ်ယဉ်ကျေးကျေးဖြင့် လက်ခံနိုင်စွမ်းရှိကြပါတယ်။

လူတိုင်းကိုမြှောက်ပင့်ပြောဆိုခြင်း

ထိုသို့ပြုမူသူများသည် မိမိ၏တန်ဖိုးကို အခြားသူများမိမိအပေါ် မည်ကဲ့သို့တွေးတောသည်အပေါ်အခြေခံသောကြောင့် မိမိကိုယ်ကိုယုံကြည်မှုနည်းပါး ကြပါတယ်။

နားထောင်သည်ထက် ပိုပြောခြင်း

ယုံကြည်မှုရှိခြင်း၏စိတ်ကူးပုံရိပ်သည် လူအများအရှေ့တွင်စကားပြောဆိုခြင်း သို့မဟုတ် အဖွဲ့ကိုဦးဆောင်ခြင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း လက်တွေ့တွင် မိမိကိုယ်ကိုယုံကြည်မှုရှိသူများသည် စကားပြောရာတွင်နှေးပြီး နားထောင်ရာတွင်လျင်မြန်ကြပါတယ်။

ဖေ့စ်ဘွတ်ပေါ်တွင် အချိန်အကုန်မခံခြင်း

ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အခြားသူများ၏ဘဝများကိုလိုက်လံကြည့်ရှုခြင်းသည် မည်သူ့ကိုမဆို ကိုယ့်ကိုယ်ကိုယုံကြည်စိတ် နည်းပါးသွားစေနိုင်ပါတယ်။ ထို့ကြောင့် မိမိကိုယ်ကိုယုံကြည်မှုရှိသူများသည် အရေးကြီးသည့်ကိစ္စများအတွက် ဆက်သွယ်ရန်လိုအပ်သည့်အခါမှသာ လူမှုကွန်ယက်ကို အသုံးပြုတတ်ကြပါတယ်။

အခြားသူများကို လှောင်ပြောင်ရယ်မောခြင်း

သူတပါးကိုသရော်တတ်သူများသည် နှိုင်းယှဉ်ခံရသည့်အခါများတွင် မိကိုယ်ကိုပေါ်လွင်နေစေရန်အတွက် လျော့ရိလျော့ရဲနိုင်သူများ၏ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ထိုအစား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူများသည် ပတ်ဝန်းကျင်ရှိအခြားသူများကို ထောက်ပံ့ပေးခြင်းဖြင့် မိမိတို့၏အားသာချက်ကို ထုတ်ပြလေ့ရှိပါတယ်။

ပျော့တိပျော့ခွေနေခြင်း

ခိုင်မာသောကိုယ်နေဟန်ထားရှိခြင်းသည် ယုံကြည်မှုရှိခြင်းကို ဖော်ကျူးသည့် အသေချာဆုံးသောနည်းလမ်းတစ်ခုဖြစ်ရုံသာမက ဝတ်ဆင်သည့် အဝတ်အစားသည်လည်းပဲ အရေးကြီးသောကြောင့် မိမိနှင့်ပတ်သက်၍ စိတ်ထဲမယုံမကြည်ဖြစ်နေပါက ပြင်ဆင်ဖို့တိုက်တွန်းချင်ပါတယ်။

အရာရာတိုင်းနားလည်သဘောပေါက်သည်ဟုယူဆခြင်း

မိမိ၏အတွေးအကြံဉာဏ်များကသာ အကောင်းဆုံး သို့မဟုတ် အောင်မြင်ဖို့အတွက်သာတွေးတောနေမည့်အစား ယုံကြည်မှုအပြည့်ရှိသူများသည် အခြားသူများတွင်လည်း သူတို့၏အကြံဉာဏ်ကို ဖော်ပြခွင့်၊ ဖော်ထုတ်ခွင့်ရှိသည်ကို နားလည်သဘောပေါက်ပြီး လက်ခံပေးတတ်ကြပါတယ်။

အတိတ်မှမရုန်းထွက်နိုင်သေးခြင်း

အကယ်၍ ယခင်ကလုပ်ခဲ့မိသည့်အမှားများနှင့် အတိတ်ကအပြစ်များကို အဆက်မပြတ်တွေးတောနေအုံးမည်ဆိုလျှင်တော့ ကိုယ့်ကိုယ်ကို အရှုံးသမား တစ်ဦးဟု ယူဆကာ ထိုကဲ့သို့ပဲပြုမူမိမှာဖြစ်ပါတယ်။ ထိုအစား မိမိကိုယ်ကို လှတယ်၊ တော်တယ်၊ ပြောင်းလဲနိုင်သည်ဟု တွေးပေး၊ လုပ်ဆောင်ပေး ခြင်းဖြင့် ပြောင်းလဲလာနိုင်ပါတယ်။