ယနေ့ခေတ်ပျိုမေတိုင်းက ဖက်ရှင်စတိုင်လ်တွေကို အမြဲတမ်းလေ့လာသင်ယူနေတဲ့အတွက်ကြောင့် ဖက်ရှင်အမြင် ပြည့်ဝကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ဖက်ရှင်လေးတွေက ဒိတ်အောက်သွားတာကို အမှုမဲ့အမှတ်မဲ့နဲ့ သတိမထားမိဘဲ ဒီအတိုင်း ဝတ်ဆင်မိလိုက်ကြပါတယ်။

အဲ့ဒီအခါ ကိုယ့်ဖက်ရှင်လေးက လူအများကြား ထင်းခနဲပေါ်လွင်လှပမနေတော့ဘဲ ကြည့်မကောင်းတော့ပါဘူး။ ဒါ့ကြောင့် မှားယွင်းတဲ့ဖက်ရှင်တွေကို မရွေးချယ်မိစေဖို့ အခုဖော်ပြပေးမဲ့အချက်လေးတွေကို အတူတူဆက်လေ့လာကြည့်ရအောင်။

အရောင်တောက်တောက်အသားကပ်ဘောင်းဘီ (သို့) ရောင်စုံအသားကပ်ဘောင်းဘီဝတ်မယ့်အစား လှပတဲ့စတော့ကင်လေးတွေကို စကပ်အတို၊ ဒါမှမဟုတ် ဂါဝန်အတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။

မျက်ခုံးမွှေးတက်တူးထိုးခြင်း

မျက်ခုံးမွှေးတက်တူးဆွဲတာက တော်တော်လေးကို ခေတ်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သဘာဝဆန်တဲ့မျက်ခုံးမွှေးက ပြန်လည်နေရာယူလာပါပြီ။

မျက်ခုံးမွှေး ပါးပါးမျှင်မျှင်နဲ့ တစ်ကြောင်းတည်းပဲဆွဲတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Bangs ဆံပင်ပုံများ

မိတ်ကပ်လိမ်းတဲ့အခါ ပါးရိုးချတာ၊ နှာတံဖော်တာ၊ မေးရိုးချတဲ့အခါ အညိုဘက်သမ်းတဲ့မိတ်ကပ်တွေကို သုံးရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သဘာဝဆန်တဲ့ မိတ်ကပ်ပါးပါးလေးတွေပဲ လူကြိုက်များကြပါတယ်။

အင်္ကျီအပွ၊ ဂါဝန်အပွများအစား ခန္ဓာကိုယ်နဲ့ ကွက်တိကျမယ့်ဂါဝန်လေးတွေ ရွေးချယ်ပါ။

ပြောင်ပြောင်လက်လက်ဖြစ်လွန်းသော ဖိနပ်များ ဝယ်ယူဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ။

Source: Brightside.me