မိန်းကလေးတိုင်းတော်တော်များများက မိတ်ကပ်လိမ်းမယ်ဆိုရင် Toner, အောက်ခံမိတ်ကပ် Foundation နဲ့ Primer လောက်ကိုပဲ လိမ်းကြတာများပါတယ်။ အမှန်တကယ်လိမ်းရမယ်ဆိုရင်တော့ Step တွေက အများကြီးရှိပါတယ်။ မျက်နှာအသားအရေကောင်းချင်တယ်၊ မိတ်ကပ်လိမ်းထားရင် မျက်နှာလေးပိုလှနေချင်တယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းခင်မှာ Step 8 မျိုးကို လိမ်းပေးရပါမယ်။

Step 1 – Toner

Source: www.priceline.com.

မျက်နှာသစ်ပြီးတာနဲ့ Step 1 – Toner ကို အရင်ဆုံးလိမ်းပေးရပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါမှာ ခြောက်သွေ့သွားတဲ့ မျက်နှာအသားအရေကို Toner က ရေဓာတ်ပြန်ဖြည့်ပေးပါတယ်။ Toner ကိုလိမ်းတဲ့အခါမှာလည်း ဂွမ်းဖတ်လေးနဲ့ပဲယူလိမ်းပေးရပါတယ်။

Step 2 – Essence

Source: www.ebay.com

Step 2 အနေနဲ့ Essenceကိုလိမ်းပေးရပါတယ်။ Essence ကိုလိမ်းပေးခြင်းဟ ဆဲလ်သေတွေကို အသစ်ပြန်လည်ဖြစ်လာစေပြီး အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ နောက်ထပ်လိမ်းမယ့် Step တွေကိုလည်း အသားထဲထိစိမ့်ဝင်ပြီး စုပ်ယူအားပိုကောင်းအောင် သူကပြုလုပ်ပေးနိုင်ပါတယ်။

Step 3 – Emulsion

Source: www.tonymolymalaysia.com

Emulsion ဆိုတာ နို့ရည်ကိုပြောတာပါ။ မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Toner နဲ့ Emulsion ကို မဖြစ်မနေလိမ်းပေးရပါတယ်။ မျက်နှာကိုရေဓာတ်ပြည့်စေဖို့နဲ့ အသားအရောင်ညီစေဖို့ Emulsion က ကူညီပေးပါတယ်။

Step 4 – Serum

Source: www.tonymolyusa.com

Serum ဟာ မျက်နှာအသားအရေကိုတင်းရင်းစေပြီး အရေးအကြောင်းတွေကို သက်သာစေပါတယ်။ Skincare အတွက်ဆိုရင်တော့ Serum ဟာမရှိမဖြစ်ပါပဲ။ ကိုလိမ်းပေးပါ။ Serum ကို နေ့ရောညပါ လိမ်းပေးလို့ရပါတယ်။

Step 5 – Cream (သို့) Gel

Source: www.beautygarden.vn

Serum လိမ်းပြီးရင် Cream (သို့) Gel ကို လိမ်းပေးရပါတယ်။ သူကအသားအရေကို နူးညံ့ပြီးဖြူလာအောင်၊ ကြည်လင်လာအောင် လုပ်ပေးပါတယ်။ ကိုယ်က Cream နဲ့အဆင်ပြေရင် Cream လိမ်းပြီး Gel နဲ့ အဆင်ပြေရင်တော့ Gel လိမ်းပေးပါ။

Step 6 – Oil

Source: www.jolse.com

မျက်နှာလေးနူးညံ့ချောမွေ့သွားစေဖို့ Oil က လုပ်ဆောင်ပေးပါတယ်။ အရှေ့မှာလိမ်းထားသမျှ Step တွေအားလုံးကို သူကပိုပြီးစုပ်ယူနိုင်စွမ်းကောင်းအောင် လုပ်ပေးတာပါ။ ဒါကြောင့် Step 6 အနေနဲ့ Oil ကိုလိမ်းပေးရပါတယ်။

Step 7 – Sunscreen

Source: www.topvalue.com

ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် Sunscreen ကို   မဖြစ်မနေလိမ်းပေးရပါတယ်။ သူက နေလောင်ဒဏ်ကိုကာကွယ်ပေးတဲ့အပြင် အသားအရေမပျက်စီးအောင်လည်း ဒိုင်းတစ်ခုလိုကာကွယ်ပေးပါတယ်။ ဒါကတော့ Main Step ပါပဲ။

Step 8 – Primer

Source: www.ebay.com

အပေါ်က Step တွေ အားလုံးပြီးသွားတဲ့အခါမှာတော့ ကိုယ်လိမ်းမယ့်မိတ်ကပ်ကို ကြာရှည်ခံအောင်နဲ့ မိတ်ကပ်သားညက်ညက်လေးဖြစ်အောင် Primer ကိုလိမ်းပေးရပါတယ်။

ဒီ Step 8 မျိုးလုံးလိမ်းပြီးမှသာ ကိုယ်ကြိုက်နှစ်သက်ရာ မိတ်ကပ် Foundation ကို လိမ်းပေးရပါတယ်။ ဒီတိုင်းမိတ်ကပ်တန်းလိမ်းတဲ့သူနဲ့ ဒီ Step တွေကို သေချာလိမ်းပြီးမှ မိတ်ကပ်လိမ်းတဲ့သူရဲ့ အသားအရေဟာ သိသိသာသာကို ကွာခြားပါတယ်။ သင့်အနေနဲ့ အချိန်မရှိဘူးဆိုရင်တောင် Toner, Emulsion, Sunscreen နဲ့ Primer ကိုတော့ မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်။