လူတော်တော်များများက တခြားလူပေါ်ကိုသာအချစ်တွေပုံပေးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒီလိုမဖြစ်ရအောင် BTS က သူတို့ရဲ့သီချင်းလေးတွေနားထောင်ရင်း ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အမြဲသတိပေးနေခဲ့ပါတယ်။

1. Magic Shop

ဒီသီချင်းကို Jungkook က ဖန်တီးထားတာဖြစ်ပြီး ပရိတ်သတ်တွေ ပင်ပန်းတဲ့အခါ ဒါမှမဟုတ် နာကျင်နေချိန်တွေမှာ သူတို့ကို နှစ်သိမ့်ပေးဖို့ ဖန်တီးထားတာပါ။

2. Euphoria

Jungkook ရဲ့ solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဒီသီချင်းလေးကတော့ ငါတို့အားလုံးက ဘဝတစ်လျှောက်လုံး ကြိုးစားနေကြတာမလို့ ဘာပဲဖြစ်ဖြစ် အတူတူရှိနေကြပြီး အကောင်းဆုံးအိပ်မက်တွေကို မက်နိုင်ဖို့ အားပေးထားတာပါ။

3. Trivia: Love

Namjoon က သူ့ရဲ့ တစ်ကိုယ်တော် သီချင်းဖြစ်တဲ့ ဒီသီချင်းလေးက မိမိကိုယ်ကို ချစ်သည်ဖြစ်စေ တခြားသူကို ချစ်သည်ဖြစ်စေ အချစ်တစ်ခုအတွက် အသက်ရှင်ဖို့ ချစ်ခြင်းမေတ္တာနဲ့နေဖို့ သတိပေးထားတာပါ။

4. Epiphany

ဒီသီချင်းလေးကလည်း Jin ရဲ့ တစ်ကိုယ်တော်သီချင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့အတွက် အသိပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။

5. I’m Fine

ဒီသီချင်းလေးကတော့ သီချင်းက သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကြားက သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ သီချင်းလေးပါ။

6. Answer: Love Myself

ဒီသီချင်းလေးရဲ့အဆုံးသတ်လေးမှာတော့ လူတိုင်းက ကိုယ့်ကိုယ်ကို ချစ်တဲ့လမ်းကို လျှောက်လှမ်းဖို့ ထိုက်တန်ကြောင်း သတိပေးထားတဲ့သီချင်းပါ။

7. Paradise

အိပ်မက်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာမှ ဖြစ်ရမယ်လို့မဟုတ်ပါဘူး။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်ဟာ သင်ပါပဲ။ တစ်ခါတစ်လေမှာ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းရုံနဲ့တောင် လုံလောက်ပါတယ်လို့ ဒီသီချင်းလေးနဲ့ အားပေးခဲ့ပါတယ်။

8. So What

ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့ အမြင်မတူတဲ့သူတွေဆိုတာ အများကြီးရှိမှာပါ။ ဘယ်သူ့ကိုမှ မနာကျင်စေသရွေ့ တခြားသူတွေရဲ့ အမြင်နဲ့ ကိုယ့်ကိုကိုယ် လွှမ်းမိုးဖို့ ခွင့်မပြုဘဲ တခြားသူတွေရဲ့ မျှော်လင့်ချက်တွေကြောင့် မကြောက်ဖို့နဲ့ ပျော်ရွှင်ဖို့ ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းဖို့ သတိပေးတဲ့ သီချင်းလေးပါ။