လမ်းခွဲပြီးပြီဆိုရင်တော့ ဘယ်လောက်ပဲချစ်ခဲ့တဲ့သူဖြစ်နေပါစေ မေ့ပစ်ရမှာပါပဲ။ ပြန်လာအုံးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေရတာက အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် ချစ်တဲ့သူကိုမေ့နိုင်ဖို့အတွက် လိုက်လုပ်ကြည့်ရမယ့် ရိုးရှင်းတဲ့ Step 8 ခုကို ပြောပြပေးလိုက်ပါတယ်။

လမ်းခွဲတာကိုလက်ခံလိုက်ပါ

သူငါ့ဆီပြန်လာမှာ၊ အပြီးလမ်းခွဲတာမဟုတ်ဘူး၊ ခဏတာ စိတ်ဆိုးပြီးထားခဲ့တာဆိုတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပါ။ လမ်းခွဲပြီးပြီဆိုရင် လမ်းခွဲတာကို လက်ခံရပါမယ်။ ဒါမှ မေ့နိုင်ဖို့ကို ရှေ့ဆက်လို့ရမှာပါ။ မဟုတ်ရင်တော့ မျှော်လင့်ချက်တွေနဲ့ပဲ အတိတ်မှာပိတ်မိနေပါလိမ့်မယ်။

ဖုန်းကိုရှင်းလင်းပါ

ဖုန်းထဲက အမှတ်တရတွေ၊ ဓာတ်ပုံတွေ၊ စာတွေအားလုံး သူနဲ့ပတ်သက်သမျှ အရာအားလုံးကို ရှင်းပစ်ရပါမယ်။ ဘာမှမရှိတော့တာက မေ့ပစ်နိုင်ဖို့ ပိုပြီးလွယ်ကူစေပါတယ်။

Social Media ကနေခဏအနားယူပါ

အသည်းကွဲနေတဲ့အချိန်နဲ့ ပြတ်ခါစအချိန်၊ ချစ်တဲ့သူကို မမေ့နိုင်ဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးကတော့ Social Media ကနေ ခဏအနားယူပါ။ Social Media သုံးနေရင် အကောင့်ထဲဝင်ကြည့်မိတာ၊ Feel Post တွေ Share မိတာမျိုးတွေဖြစ်ပြီး ပိုခံစားနေရပါလိမ့်မယ်။

သူနဲ့ကိုယ်နဲ့အမှတ်တရနေရာတွေကိုရှောင်ပါ

အပြင်သွားတဲ့အခါ တတ်နိုင်သလောက် သူနဲ့ကိုယ်နဲ့ အမှတ်တရနေရာတွေကို လုံးဝမသွားပါနဲ့။ သွားရင် သတိရနေပါလိမ့်မယ်။ မေ့ပစ်နိုင်ဖို့ ဒီလိုလုပ်တာ အကောင်းဆုံးပါပဲ။

လက်ဆောင်ပစ္စည်းတွေလွှင့်ပစ်ပါ

အားလုံးမရှိမှပဲ မေ့နိုင်ဖို့က ပိုပြီးလွယ်ကူမှာပါ။ ဒီတော့ အမှတ်တရပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေ အားလုံးကိုသာ လွှင့်ပစ်လိုက်ပါ။

ကိုယ့်ကိုယ်ကို Reconnect ပြန်လုပ်ပါ

သူနဲ့တွဲခဲ့တဲ့အချိန်တွေမှာ ကိုယ်မလုပ်ခဲ့ရတဲ့အရာတွေ အားလုံးကို အခုအချိန်မှာ စတင်လုပ်ဆောင်ပါ။ ကိုယ့်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတာ ပြန်ဆန်းစစ်ပြီး လုပ်ဆောင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုပိုပြီး အချိန်ပေးပါ။

ခရီးထွက်ပါ

ခရီးထွက်တာကတော့ စိတ်ပြေလက်ပျောက်ဖြစ်ပြီး မေ့ချင်တာတွေကို မေ့ပစ်နိုင်ဖို့ အကောင်းဆုံးကုသမှုတစ်ခုပါပဲ။ ဒါကြောင့် ခရီးလည်းထွက်ပါ။

ဝါသနာအသစ်ကိုရှာဖွေပါ

ဝါသနာအသစ်တွေကိုရှာဖွေပြီး လုပ်ဆောင်ကြည့်ပါ။ အသစ်အဆန်းတွေလုပ်ပြီး စိတ်ပျော်နေရင်၊ ကိုယ်ဝါသနာပါတာတွေလုပ်ပြီး အချိန်ကုန်ဆုံးနေရင် အရာအားလုံးကို မြန်မြန်မေ့နိုင်သွားပါလိမ့်မယ်။