အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ အမြန်မဖြစ်အောင်နဲ့ သူများထက်ပိုပြီး ငယ်ရွယ်နုပျိုနေစေဖို့ ကူညီပေးမယ့် ရိုးရှင်းသော အလေ့အကျင့် ၈ ခုကို မျှဝေပေးလိုက်ပါတယ်။

ရေများများသောက်ပါ

အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်မဖြစ်ချင်ဘူး၊ သူငယ်ချင်းတွေကြားမှာ ငယ်ရွယ်နုပျိုတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရေများများသောက်မယ့် plan ကိုသာချလိုက်ပါတော့။ အားတိုင်းသာရေသောက်နေပါ။ ဝိတ်လည်းကျ၊ အသားလည်းလှပြီး ကိုယ်တွင်းအဆိပ်အတောက်တွေလည်း လျော့ကျစေပါတယ်။

Sunscreen နေ့တိုင်းလိမ်းပါ

အိုမင်းရင့်ရော်တာတွေ၊ အရေးအကြောင်းတွေ မြန်မြန်မဖြစ်ချင်ဘူးဆိုရင် sunscreen မလိမ်းလို့မရပါဘူး။ နေရောင်ခြည်ဒဏ်က အသားအရေပျက်စီးစေသလို အရေးအကြောင်းတွေလည်း မြန်မြန်ဖြစ်လာစေတယ်၊ အိုမင့်ရင့်ရော်ခြင်းတွေလည်း အမြန်ဖြစ်စေပါတယ်။ Sunscreen ပုံမှန်လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူကို ယှဉ်ကြည့်ရင် ကွာခြားချက်က အသက် ၃၀ နားကပ်လာရင် သိသာပါတယ်။

အိပ်တဲ့ပုံစံပြောင်းကြည့်ပါ

ဘေးတစ်စောင်းအိပ်တာ၊ မှောက်အိပ်တာတွေက မျက်နှာအသားအရေနဲ့ အိပ်ယာခင်း၊ ခေါင်းအုံးတွေနဲ့ထိပြီး ပွတ်သလိုဖြစ်တဲ့အတွက် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပတ်လက်အနေအထားနဲ့အိပ်ရင်တော့ အကောင်းဆုံးပါပဲ။

Eye Cream လိမ်းပါ

အသက် ၁၈ လောက်ထဲက eye cream နေ့တိုင်းလိမ်းပေးရင် ၂၀ ကျော်လာတဲ့အခါမှာ အပေါင်းအသင်းတွေကြားမှာ ကိုယ်တစ်ယောက်ထဲ နုနေသလို ခံစားရပါလိမ့်မယ်။ လူတစ်ယောက်က မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေထပြီး မျက်ကွင်းညိုနေရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်သလို ဖြစ်စေပါတယ်။ ဒါကြောင့် eye cream သာလိမ်းပါ။

Stress တွေကိုလျှော့ချပါ

Stress တွေအရမ်းများနေရင်လည်း အသားအရေညစ်နွမ်းပြီး အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် stress တွေကို လျှော့ချပါ။

မျက်လုံးကိုမပွတ်ပါနဲ့

မျက်လုံးကိုခဏခဏပွတ်တာ၊ မိတ်ကပ်ဖျက်ရင် မျက်လုံးနားတစ်ဝိုက်ကို အတင်းပွတ်ဆွဲပြီးဖျက်တာတွေက အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။

Antioxidants ကြွယ်ဝတဲ့အစားအသောက်

Blueberries, သင်္ဘောသီး, ဟင်းနုနွယ်, တလဲသီး နဲ့ အခြားသော antioxidants ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့တိုင်း တစ်ခုမဟုတ်တစ်ခု စားသောက်ပေးခြင်းက အရေးအကြောင်းတွေ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

Face Massage

Skincare တွေချည်းပဲလိမ်းနေမယ့်အစား face massage လေးလည်း တွဲလုပ်ပေးပါ။ Face massage လုပ်ပေးခြင်းက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး collagen ထုတ်လုပ်နိုင်မှုလည်း တိုးလာစေပါတယ်။ အသားအရေတင်းရင်းပြီး နုပျိုစေပါတယ်။