လက်ပြင်ကုန်းနေရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် လက်ပြင်ကုန်းနေပြီဆိုရင် လေ့ကျင့်ခန်းတော့ ပုံမှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေသွားအောင် လက်ပြင်ကုန်းတာတဲ့သူတွေအတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်း ၈ ခုကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်း ပုံမှန်လုပ်သွားပေးဖို့တော့ လိုပါတယ်။

ပုံမှန်အတိုင်း မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို တန်းတန်းထားပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း လက်မောင်းနှစ်ဖက်ကို ကျုံ့ပြီးကပ်လိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်နေပါ။ အဲ့အတိုင်း ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။

ပုံမှာပြထားတဲ့အတိုင်း ရအောင်လုပ်ပေးပါ။ လက်အနေအထား သေချာမှန်အောင်လုပ်ပါ။ အဲ့အတိုင်း ၁ မိနစ် (သို့) ၂ မိနစ် နေပေးပါ။

ခေါင်းငုံ့ပြီး လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ အဲ့အနေအထားနဲ့ ၁ မိနစ်နေရပါမယ်။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင် လုပ်ပေးပါ။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် လက်ပြန်ချပြီး ပြန်လုပ်ပါ။ ဘယ်လက်၊ ညာလက် တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရပါမယ်။

ခေါင်းကိုမတ်မတ်ထားပြီး လက်တစ်ဖက်က ပုံမှာပြထားတဲ့အတိုင်း နှဖူးကို ထိထားပါ။ နောက်လက်တစ်ဖက်ကတော့ ဘေးချထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ ခုနကလိုပဲ ဘယ်လက်၊ ညာလက်ပြောင်းပြီး တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရပါမယ်။

ပခုံးအနေအထားကို အတတ်နိုင်ဆုံး မတ်မတ်ထားပြီး ခေါင်းကို ဘေးလှည့်ပြီး စက္ကန့် ၃၀ နေပါ။ ဘယ်လှည့်၊ ညာလှည့်နဲ့ တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကပ်ထားပြီး ပခုံးကို ပင့်တင်လိုက်ပါ။ အဲ့လိုပခုံးပင့်ထားတဲ့ပုံစံနဲ့ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင်လုပ်ရပါမယ်။

ဒါကတော့ အလွယ်ဆုံးပါပဲ။ လက်တစ်ဖက်နဲ့ ခေါင်းကိုကိုင်ပြီး စောင်းပေးရမှာပါ။ အဲ့လို ပုံမှာပြထားတဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ ဘယ်တစ်လှည့်၊ ညာတစ်လှည့်နဲ့ တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Source: www.brightside.me