ပညာရှင်တွေက စိတ်ဓာတ်ကျခြင်း စိတ်ကျရောဂါဟာ ၂၁ ရာစုကာလရဲ့ ပလိပ်ရောဂါဆိုးလို့ သတ်မှတ်ထားကြပါတယ်။ စိတ်ကျရောဂါက တခြားရောဂါတွေလိုပဲ ကုသမှု ဆွေးနွေးမှုလိုအပ်တဲ့ ရောဂါဖြစ်လာပါပြီ။ ပထမဆုံးအဆင့်အနေနဲ့ သင်က စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒါကို လက်ခံရပါမယ်။ သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်ဟာ စိတ်ကျရောဂါဖြစ်နေပြီဆိုတာ ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

၁။ သင်က ပင်ပန်းနေတတ်တယ်


သင်က အများကြီးအလုပ်မလုပ်ရဘဲနဲ့ တောင် အချိန်ကြာကြာ ပင်ပန်းတတ်ပါတယ်။ မနက်မိုးလင်းလို့ နိုးလာပြီဆိုတာနဲ့ ပင်ပန်းနေတတ်ပါတယ်။

၂။ သင်က ဒီလောကကြီးမှာ မရှိသင့်ဘူးလို့ ထင်လာတယ်


သင့်ကိုယ်သင် အသုံးမကျတဲ့လူတစ်ယောက်လို့ မြင်လာပါတယ်။ လူ့ဘဝမှာ နေရတာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ စိတ်ကူးကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံချင်တဲ့ အတွေးထိတောင် တွေးတတ်ပါတယ်။

၃။ သင်က အာရုံမစိုက်နိုင်ဘူး/ ခဏလေးနဲ့ မေ့တတ်တယ်


သင်က အရေးကြီးကိစ္စတွေကို လွယ်လွယ်နဲ့ မေ့တတ်ပါတယ်။ ဖုန်းနံပါတ်တွေ နာမည်တွေကို လုံးဝမမှတ်နိုင်တော့ပါဘူး။ လူတစ်ယောက်ပြောတာကို အာရုံစိုက် နားထောင်ရတာ ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်တာကတောင် သင့်အတွက် ခက်ခဲနေတတ်ပါတယ်။

၄။ အိပ်စက်ခြင်းပြဿနာ


ညဘက် အိပ်မပျော်တာ ဒါမှမဟုတ် အချိန်အကြာကြီး အိပ်ပျော်သွားတာ စတာတွေပါ။ သင်က အိပ်ရေးဝရင်တောင် ထပ်အိပ်ချင်နေတတ်ပါသေးတယ်။ သင့်ဆီမှာ စွမ်းအင်တွေ ယုတ်လျော့နေတယ်လို့ ခံစားရပြီး အိပ်ယာထဲမှာ လှဲနေချင်တတ်ပါတယ်။

၅။ သင့်ကိုယ်အလေးချိန်


ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ ဒါမှမဟုတ် ထိုးကျသွားတာတွေဖြစ်တတ်ပါတယ်။ စားချင်စိတ်မရှိတော့တာ ဒါမှမဟုတ် ဗိုက်မဆာရင်တောင် အဆက်မပြတ် စားမိနေတတ်ပါတယ်။

၆။ ဘာလုပ်လုပ် မပျော်ဘူး


သင်လုပ်ရတာ ပျော်တယ်လို့ သတ်မှတ်ထားတဲ့အရာတွေကိုတောင် လုပ်ရ မပျော်တော့ပါဘူး။ သင်က ငြီးငွေ့ပျင်းရိနေတတ်ပါတယ်။ သင့်ဝါသနာတွေကို မလုပ်ချင်တော့သလို သင့်သူငယ်ချင်းတွေနဲ့ တွေ့ချင်စိတ်လည်း မရှိတော့ပါဘူး။

၇။ စိတ်ဓာတ်ကျတယ်


ဝမ်းနည်းနေတတ်တယ်။ စိုးရိမ်သောကတွေများနေတတ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကိုလည်း သင်ကိုယ်တိုင် အဖြေရှာမရပါဘူး။

၈။ သင့်ခန္ဓာကိုယ်က မကျန်းမာတော့ဘူး


ခန္ဓာကိုုယ်အစိတ်အပိုင်းတစ်နေရာက နာကျင်လာတာ ကိုက်ခဲလာတာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် အရိုးအဆစ်နေရာတွေကိုက်ခဲတတ်ပြီး ခါးနာတတ်ပါတယ်။ အစာမကြေတဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ဒီနာကျင်မှုတွေက သူ့အလိုလို မပျောက်သွားဘဲ ဆေးသောက်မှ ပျောက်သွားတတ်ပါတယ်။

သင့်အနေနဲ့ ဒီအရာတွေကို ခံစားနေရတာ ဒါမှမဟုတ် သင့်မိသားစုဝင် သင့်မိတ်ဆွေတွေမှာ ဒါမျိုး ခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ သင့်အနေနဲ့ အပေါ်က အချက်တွေထဲမှာ ဘယ်အချက်ကို ခံစားခဲ့ဖူးလဲ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar