အားလုံးပဲ မင်္ဂလာပါ။ ကိုယ်တစ်ဘဝလုံး လက်တွဲသွားမယ့်သူတစ်ယောက်နဲ့ Chemistry ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သင်လုပ်သမျှအရာတိုင်းက Chemistry ဖြစ်ပျက်မှုပါပဲ။ Chemistry ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားက စိတ်ခံစားချက်ချင်း ဆက်သွယ်မှုတစ်ခုဖြစ်ပါတယ်။ သင်က လက်ရှိတွဲနေသူနဲ့ Chemistry ရှိမရှိ ဒီလိုအချက်တွေနဲ့ သိနိုင်ပါတယ်။

၁။ အကြာကြီး မျက်လုံးချင်းဆုံနိုင်တယ်


ယေဘုယျအားဖြင့် အကြာကြီးမျက်လုံးချင်းဆုံတာက အူကြောင်ကြောင်နိုင်ပြီး နေရခက်စေပါတယ်။ ဒါပေမဲ့ သင်က သူနဲ့ Chemistry ရှိတယ်ဆိုရင် သူနဲ့ အကြည့်ဆုံတိုင်း သူ့အကြည့်ထဲ မြောပါသွားတတ်ပါတယ်။ စိတ်ကလည်း သူ့မျက်ဝန်းကြည်ကြည်ထဲ နစ်မြောနေသလို ဖြစ်နေပါလိမ့်မယ်။ အကြည်စိုက်တာက တစ်ယောက်နဲ့ တစ်ယောက်ကို ပိုနီးစပ်သွားစေပါတယ်။

၂။ ခန္ဓာကိုယ် အမူအရာ


သူတို့ရဲ့ ခြေထောက်ဦးတည်ရာက သင့်ဆီ တည့်တည့်လာပြီးထိုင်တတ်ကြပါတယ်။ ကိုယ်ကို ဖွင့်ထားပြီး သင့်နားမှာ မှီတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ သူက သင်နဲ့ Chemistry ရှိတာပါပဲ။ သင့်ကို ရှက်အောင်လည်း လုပ်တတ်ပါသေးတယ်။

၃။ အသေးစိပ်လေးက အစ သိတယ်


သင်က ဆံပင်ညှပ်လာတာဖြစ်ဖြစ် ပုံစံပြောင်းလာတာဖြစ်ဖြစ် သင့်ကောင်လေးက အလွယ်တကူ သတိထားမိပါတယ်။ သင်တို့ နှစ်ယောက်ကြားမှာသာ Chemistry မရှိရင် ဒါတွေကို လိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

၄။ အချိန်ကုန်လို့ ကုန်မှန်းမသိဘူး


သင်တို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်မှုရှိမယ်ဆိုရင် တစ်နေ့တာ အချိန်က ဘယ်လိုကုန်မှန်းတောင် မသိလိုက်ပါဘူး။ သူနဲ့ အတူလျှောာက်လည်တဲ့ရက်ဆိုရင် အချိန်တွေကုန်တာမြန်တယ်တောင် ထင်ရတတ်ပါတယ်။ သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ရင်တောင် တွေ့တာနဲ့ ပျော်နေတတ်ကြပါတယ်။

၅။ သင့်ကိုပဲ အာရုံစိုက်တယ်


သင်တို့နှစ်ယောက်က ဘယ်လောက်ထိ လူစည်းကားတဲ့ နေရာရောက်ပါစေ သူ့ Attention က သင့်ဆီမှာပဲရှိတတ်ပါတယ်။ သူအာရုံစိုက်တာကလည်း သင်တစ်ယောက်ပါပဲ။ သင်ကိုယ်တိုင်ကလည်း ဒီလိုပါပဲ။ သူနဲ့ မတွေ့ရင်တောင် သင့်စိတ်က သူ့ဆီပဲ ရောက်နေတတ်ပါတယ်။

၆။ သူနဲ့ အမြဲထိတွေ့ချင်တယ်


သူနဲ့ လက်ကလေး ကိုင်လိုက်ရရုံနဲ့ သင်က ပျော်ရွှင်သွားတတ်ပါတယ်။ သင်တို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အမြဲ အကြောင်းတစ်ခုခုနဲ့ အသားချင်းကပ်နေတတ်ပါတယ်။ လက်မောင်းလေး၊ ပုခုံးလေးစသဖြင့် အကြောင်းအရင်းမရှိဘဲ ထိတတ်ကြပါတယ်။ ဒါက Chemistry ပါပဲ။

၇။ အတူတူရှိရင် မပြုံးဘဲမနေနိုင်ဘူး


သင်က သူနဲ့ အတူသာရှိရင် ရယ်တာကို မထိန်းထားနိုင်ပါဘူး။ အလိုလိုကို ပြုံးမိနေတတ်တာပါ။ Chemistry ဆိုတာကချောတဲ့သူကို ရှာတာမဟုတ်ဘဲ ကိုယ့်ခံစားချက် ထူးခြားအောင် လုပ်နို်င်စွမ်းရှိသူကို ရှာဖွေခြင်းပါ။ သူကလည်း သင်နဲ့တွေ့ရင် ပြုံးနေတတ်ပါတယ်။

၈။ ပြောရဆိုရလွယ်ကူတယ်


သင့်အတွက်သူက အရင်းနှီးဆုံး သူစိမ်းတစ်ယောက်ဖြစ်နေတတ်ပါတယ်။ သင့်ခံစားချက်တွေကို သူ့ဆီမှာ စိတ်ချလက်ချရင်ဖွင့်နိုင်ပါတယ်။ သူနဲ့ စကားပြောရတာလည်း ဘယ်တော့မှ သက်တောင့်သက်သာမဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဒီလိုခံစားချက်တွေက Chemistry ရှိခြင်းပါပဲ။

သင့်မှာကော Chemistry အပြန်အလှန်ရှိတဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားပြီလား ပြောပြခဲ့ပါဦး။

Source: Herbeauty.co

By MyStyle Myanmar