နေရာတိုင်းမှာ သူတို့ပဲ ခံရသူ၊ သူတို့ပဲ ကံဆိုးသူလို့ အမြဲပြောတတ်၊အသနားခံတတ်တဲ့ မိန်းကလေးတွေကို သင်မြင်ဖူးမှာပါ။ ဒီထဲ သင်ကိုယ်တိုင်တောင် ပါနိုင်ပါတယ်။ အတွေးတွေများပြီး ဖြစ်နိုင်တာတွေကော မဖြစ်နိုင်တာတွေကော အစုံအလင်တွေးတဲ့အထဲ Drama Girl တွေ ပါဝင်ပါတယ်။ ဒီတော့ ဒရာမာ Queen ဟုတ်မဟုတ် ဘယ်အချက်တွေနဲ့ ဆုံးဖြတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ လူတွေရဲ့ Attention ကို လိုချင်တယ်

သင်လုပ်သမျှ ကိစ္စတိုင်းကို တခြားသူတွေ သိအောင် ကြိုးစားတတ်ပါတယ်။ လူတွေအာရုံစိုက်တာခံရမှ နေသာထိုင်သာရှိသူတွေ ဖြစ်ပါတယ်။

၂။ အရာရာက အကြီးကြီးတွေ ဖြစ်နေတတ်တယ်

လက်သည်းလေးပဲ့သွားတာက ဒရာမာ Queen တွေအတွက်တော့ မီးတောင်ပြိုသလိုပါပဲ။ ပေါင်ချိန် တစ်ဝက်လောက် တိုးရင်တောင် သူတို့အတွက် ကမ္ဘာပျက်နေပါပြီ။ ဘယ်အရာမဆို သူတို့ပဲ ဒုက္ခအရောက်ဆုံး၊ အထိခိုက်ဆုံး ဖြစ်နေတတ်ပါတယ်။

၃။ သေရေး ရှင်ရေး

ဒရာမာ များတဲ့ မိန်းကလေးတွေမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိနေတတ်ပါတယ်။ အဆင်ပြေတဲ့ ရက်တွေဆိုရင် ဒီကမ္ဘာမှာ သူတို့က အပျော်ဆုံး လူသားတွေပါပဲ။ ကံဆိုးတဲ့နေ့တွေမှာတော့ ငါသေမှ အေးမယ်လို့ ငြီးနေတတ်သူတွေ ဖြစ်ပါတယ်။

၄။ သူတို့အကြောင်းတွေကို ချပြတတ်သူ

သူတို့ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာ မှန်သမျှကို Social Media ပေါ်မှာ ချပြတတ်ပါတယ်။ သူတို့ ရေးတဲ့စာသားထဲ စာဖတ်သူတွေ ပျော်ဝင်သွားစေဖို့ ဖြစ်တာထက် ပိုပိုသာသာလေးရေးတတ်ပါသေးတယ်။

၅။ တခြားသူတွေကို ပျော်အောင် ထားတတ်တယ်

Drama Queen ဆိုလို့ တစ်ချိန်လုံး မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အပြုံးချိုချိုလေးတွေနဲ့ တခြားသူတွေ ပျော်အောင် ထားတတ်ပါသေးတယ်။

၆။ ရိုလာကိုစတာ စီးသလို

ဒီလိုမိန်းကလေးတွေနားနေရင် မရိုးစေရပါဘူး။ ရာသီဥတုက ခဏနေ သာယာလိုက် ခဏနေ မိုးရွာလိုက်နဲ့ ဘယ်တော့မှ ပျင်းရမှာမဟုတ်ပါဘူး။ Drama Queen တွေ ပျော်နေချိန်ဆို အရာတိုင်းက လှပနေတတ်ပါတယ်။

၇။ ဂျီးများတယ်

ဒရာမာများတဲ့ ကောင်မလေးတွေက ဇီဇာကြောင်ပြီး ဂျီးများတတ်ပါသေးတယ်။ အကုန်လုံးကို အကောင်းဆုံးနဲ့ အပြည့်စုံဆုံး လိုချင်ကြသူတွေ ဖြစ်ပါတယ်။

၈။ ပြည့်စုံမှုကို သဘောကျသူ

ဒရာမာများတဲ့ မိန်းကလေးတွေမှာ တွေ့ရတဲ့ အကျင့်တစ်ခုကတော့ တခြားသူတွေအပေါ် ကိုယ်မကောင်းမြင်ခဲ့မယ်ဆိုရင် ဒီအရာမျိုး ကိုယ့်ဆီမှာ မဖြစ်အောင် ကြိုးစားသူတွေပါ။ ဒရာမာ Queen တွေကို ကြည့်လိုက်ရင် အမြဲပြီးပြည့်စုံပြီး ကြည့်ကောင်းနေတတ်ပါတယ်။ သူတို့က တခြားသူတွေကို အထင်သေးသလို ခံစားချက်မျိုး တခြားသူတွေက သူတို့ကို ပြန်မြင်တာမျိုး အဖြစ်မခံကြပါဘူး။

Photo Source: Pinterest

By MyStyle Myanmar