အားလုံးပဲ မင်္ဂလာပါနော်။ သင်က သင့်ကိုယ်သင်ယုံကြည်မှုမရှိဘူးလို့ ခံစားရတယ်ဆိုရင် ဒါကိုပဲတွေးပြီး စိတ်ဓာတ်ကျနေလို့မရပါဘူး။ ကိုယ်တိုင်က တတ်နိုင်သလောက် ပြောင်းလဲကြည့်ဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့ Confident အဆင့်က အပြင်ပန်းရုပ်ရည်အနေအထားအပေါ် အများဆုံးမူတည်နေတတ်တာမို့ ယုံကြည်မှုတိုးချင်ရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ပြုပြင်ပေးဖို့က အရေးအကြီးဆုံးပါနော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Confident တိုးချင်သူတိုင်း လုပ်ပေးသင့်တဲ့ Self Care နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အသားအရေထိန်းသိမ်းပါ


အသားအရေလေးကြည်ပြီးလှနေတာက မိန်းကလေးတိုင်းအတွက် ယုံကြည်မှုပိုတိုးစေမှာ အမှန်ပါပဲ။ ဒါကြောင့်မို့ ကိုယ့် Skin Type ကို သိအောင်လုပ်ပြီး အသားအရေနဲ့တည့်မယ့် ပစ္စည်းလေးတွေသုံးကာ Skincare လုပ်ပေးပါ။ အနည်းဆုံး Moisturizer နဲ့ Sunscreen ကိုတော့ နေ့တိုင်းလိမ်းပေးသင့်ပါတယ်။

မိတ်ကပ်လိမ်းနည်းသင်ပါ


လိုက်ဖက်တဲ့ Makeup Look လေးလိမ်းပြီး ပုံစံပြောင်းပေးတာက ကိုယ့်ကိုယ်ကိုယ်ပိုပြီး စိတ်တိုင်းကျစေတာမို့ Confident လည်းပိုတိုးပါတယ်။ အားတဲ့အချိန် ဒီတိုင်းနေမယ့်အစား ကိုယ်နဲ့လိုက်မယ့် မိတ်ကပ် Look လးတွေ ပြင်ကြည့်ပါ။ မိတ်ကပ်နဲ့အတူ လက်သည်းလေးတွေပါ အလှဆင်ပြီးတော့ Self Care လုပ်ပေးနိုင်ပါတယ်။

သွားကျန်းမာရေးကို ဂရုစိုက်ပါ


သွားညီညီလေးတွေက သင့်အလှကိုပံ့ပိုးပေးနိုင်တဲ့အပြင် ယုံကြည်မှုရှိရှိ ပြုံးနိုင်ဖို့ ကူညီပေးပါတယ်။ သွားပြဿနာကြောင့် ယုံကြည်မှုနည်းလာတာမျိုးမဖြစ်ရအောင် သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။

ဆံပင်ကေအသစ်သွားပြောင်းလိုက်ပါ


ဆံပင်က လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်လို့ ဆံပင်ကေပြောင်းလိုက်တာက သင့်ကိုလုံးဝပုံစံပြောင်းပြီး စိတ်သစ်လူသစ်နဲ့ Confident ပိုရှိလာဖို့ ကူညီပေးမှာပါ။

ကိုယ်နဲ့လိုက်တဲ့ ရေမွှေးနံ့ကိုရှာပါ


ချွေးနံ့ထွက်နေရင် ဘယ်လိုမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ကြိုက်တဲ့ အနံ့လေးပါတဲ့ ရေမွှေး ဒါမှမဟုတ် Deodorant လေးတွေသုံးပေးပါ။ ကိုယ်သင်းနံ့ကောင်းတာက ကိုယ့်စိတ်ကိုပါ ကြည်လင်စေမယ့်အပြင် လူတွေကြားရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေပါတယ်။

Style ကျကျဝတ်ပါ


သင့်ရဲ့ဖက်ရှင်ပိုင်းကို ဂရုစိုက်ပေးတာကလည်း ဘယ်နေရာရောက်ရောက် သွက်သွက်လက်လက်နဲ့ ယုံကြည်မှုရှိနေဖို့ ကူညီပေးမှာပါ။ Trend လည်းဖြစ်သလို ကိုယ်နဲ့လည်း သက်တောင့်သက်သာရှိမယ့် ဖက်ရှင်လေးတွေ ရွေးဝတ်သင့်ပါတယ်။

ကျန်းမာတဲ့ Lifestyle ရှိဖို့လိုတယ်


အိပ်ချိန်မှန်အောင်ထားတာ၊ အသီးအရွက်များများစားတာ၊ ရေများများသောက်တာတွေအတွက် အချိန်ပေးပြီး အကျင့်လုပ်ထားတာကလည်း သင့်ကို စိတ်ရောကိုယ်ပါ ကျန်းမာပြီး ယုံကြည်မှုတိုးလာစေမယ့် Self Care နည်းတွေဖြစ်ပါတယ်။

များများပြုံးပါ


ဟန်ဆောင်မှုမရှိဘဲ ဖော်ဖော်ရွေရွေ ပြုံးပြတတ်တာက လူတွေဆီကနေ ကိုယ့်အပေါ်ယုံကြည်မှုတိုးလာစေမယ့် ဆွဲဆောင်မှုတစ်မျိုးပါ။ သင့်ကိုလည်းပျော်ရွှင်မှုရော Confident ပါတိုးစေမှာဖြစ်လို့ များများပြုံးဖြစ်အောင် ကြိုးစားကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar