သင်က အသည်းကွဲဖူးတယ်ဆိုရင် အသည်းကွဲတာက ဘယ်လို ခံစားချက်မျိုးမှန်း သိပြီးဖြစ်မှာပါ။ သစ္စာဖောက်ခံလိုက်ရတဲ့အချိန်၊ ကိုယ်က ဘာမှမလုပ်မိပါဘဲ လမ်းခွဲခံလိုက်ရတဲ့အချိန် ရလာတဲ့ခံစားချက်က နာကျင်လှပါတယ်။ အသည်းကွဲတာက စိတ်အတွက်တင်မကပါဘူး။ ခန္ဓာကိုယ်အတွက်ပါ သက်ရောက်မှုရှိနေပါတယ်။ ဘာတွေလဲဆိုတော့-

၁။ အစွဲရောဂါ

သင်နဲ့သူက ပြတ်တာ မကြာသေးဘူးဆိုရင် သင့်စိတ်ထဲ သူ့ကို စွဲလန်းနေတတ်ပါတယ်။ သူ့ရဲ့ ပုံတွေ၊ သူ့အကြောင်းတွေ အချိန်ပြည့် သိချင်နေတတ်ပါတယ်။ သူ့ကို စွဲလန်းစိတ်နဲ့ အိပ်ယာထဲက မထနိုင်ဖြစ်တတ်ပါတယ်။

၂။ စိတ်ကျရောဂါ

အသည်းကွဲတဲ့အချိန်မှာ နဂိုကထက် စိတ်ဖိစီးမှုပိုများပြီး သောကပိုများနေတတ်ပါတယ်။ အလွယ်တကူ စိတ်ကျရောဂါဝင်ဖို့ အခွင့်အရေးများပါတယ်။

၃။ နာကျင်မှု

အသည်းကွဲနေတဲ့အချိန်ဆိုရင် တစ်ကိုယ်လုံးကိုက်ခဲနာကျင်တာတွေဖြစ်တတ်ပါတယ်။

၄။ အစာစားချင်စိတ်ပျောက်မယ်

အသည်းကွဲတဲ့အချိန် အစားပိုစားတာ၊ နဂိုထက် လျှော့စားတာတွေဖြစ်တတ်ပါတယ်။ ဝိတ်တက်မြန်သလို ကိုယ်မသိလိုက်ဘဲ ပိန်ကျသွားတာလည်းဖြစ်တတ်ပါတယ်။

၅။ အစာအိမ်နာမယ်

အသည်းကွဲနေတဲ့ဒဏ်ရာက ခုမှစတာဆိုရင် အစာအိမ်အောင့်တာတွေဖြစ်တတ်ပါတယ်။

၆။ သွေးပေါင်ချိန်

အသည်းကွဲတဲ့အချိန် စိတ်ဖိစီးမှုများတာကြောင့် သွေးပေါင်ချိန် တက်နေတတ်ပါတယ်။

၇။ ဆံပင်ကျွတ်မယ်

သောကတွေများတဲ့အခါ နဂိုကထက် ဆံပင်ကျွတ်တာ ပိုများနိုင်ပါတယ်။

၈။ အသည်းပျက်စီးမယ်

ဒါက ယောကျာ်းလေးတွေအတွက်ပါ။ တချို့က အသည်းကွဲတဲ့ရောဂါကို သက်သာမေ့လျော့နေဖို့ အရက် စွတ်သောက်တတ်ကြပါတယ်။ ဒီအရက်ကြောင့် အသည်းပျက်စီးတာတွေပါ ဖြစ်တတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar