မင်္ဂလာပါ ပျိုမေတို့ရေ။ လိုသလိုသုံးလို့ရတဲ့ ခေါင်းစည်းပုဝါလေးတွေက အခုခေတ်မိန်းကလေးတွေကြား အသုံးများတဲ့ Hair Accessories တစ်မျိုးပါနော်။ သူ့တစ်ကြိုးထဲရှိရုံနဲ့ ဆံပင်စတိုင်အမျိုးမျိုးဖန်တီးလို့ရသလို အဝတ်ကြိုးဖြစ်တာမို့ စည်းရလည်း သက်တောင့်သက်သာရှိပါတယ်။ ဒါကြောင့်မို့ ကိုယ်မှာရှိတဲ့ ပုဝါခေါင်းစည်းကြိုးလေးတွေနဲ့ အကျိုးရှိရှိအသုံးချနိုင်မယ့် အရမ်းလှတဲ့ ဆံပင်ပြင်ဆင်နည်းတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးလိုက်ပါတယ်။ စည်းရအရမ်းမရှုပ်သလို ချစ်စရာကောင်းပြီး မိန်းကလေးဆန်ဆန် ကျက်သရေရှိစေမယ့် ဆံပင်စတိုင်လေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ဖဲပြားနဲ့ တစ်ဝက်စည်း


ဆံပင်တစ်ဝက်စည်းပြီး ပုဝါကို ဖဲပြားပုံလေးချည်ပေးလိုက်ပါ။ လုပ်ရအရမ်းလွယ်ပြီး လူငယ်ဆန်ပါတယ်။

ငါးရိုးပုံစံ ကျစ်ဆံမြီး


ကျစ်ဆံမြီးကျစ်နေကျသူတွေဆိုရင် ဒီလို ငါးရိုးပုံစံလေးက ပုံစံအရမ်းဆန်းတာမို့ သူ့ကို အောက်က ပုဝါကြိုးလေး တွဲစည်းပေးလိုက်တာနဲ့ လုံးဝပြည့်စုံသွားစေမှာပါ။

အပေါ် (သို့) အောက်ဆံထုံးနဲ့ ပုဝါခေါင်းစည်းအမြီးလေးနှစ်ခု

ဆံထုံးလေးတွေကလည်း မျက်နှာနဲ့လည်ပင်းရှင်းပြီး ရိုးရိုးရှင်းရှင်းလေး မိန်းကလေးဆန်စေပါတယ်။ ဒီလိုပုဝါကြိုးလေး ချပြီး တွဲစည်းပေးတာက မျက်နှာလေးကိုပိုလင်းစေမှာပါ။

ဆံထုံးအောက်ခံဖဲပြား


ပုဝါကြိုးလေးတွေက ပုံစံအမျိုးမျိုးရတာမို့ ဒီလိုဆံထုံးကိုမှ အောက်ကဖဲပြားလေးနဲ့ တွဲချည်တာမျိုးလုပ်ကြည့်ပါ။ ကြိုးတိုသွားတာမို့ လည်ပင်းပိုရှင်းပြီး ပေ့ါပေ့ါပါးပါးဖြစ်ပါတယ်။

ကျစ်ဆံမြီးအမြင့်စည်း


အမြင့်စည်းပုံစံကိုမှ ပုံထဲသလို ပုဝါခေါင်းစည်းနဲ့တွဲပြီး ကျစ်ဆံမြီးထဲထည့်ကျစ်တဲ့ပုံစံလေးကလည်း ချစ်စရာကောင်းသလို မျက်နှာလေးရှင်းစေတာမို့ ပူအိုက်တဲ့ရာသီတွေအတွက် အဆင်ပြေပါတယ်။

Ponytail အပတ်စည်း


Ponytail ပုံစံစည်းပြီး ပုဝါကို အပြင်ကပတ်ထားတဲ့ပုံစံကလည်း အမြင်တစ်မျိုးကွဲထွက်စေမယ့်စတိုင်လေးပါနော်။

Ponytail ကြိုးစည်း


ရိုးရိုး Ponytail အမြင့်စည်းလေးကလည်း အမြင်ရှင်းပြီး ကျက်သရေရှိစေမှာ သေချာပါတယ်နော်။

Headband ပုံစံခေါင်းစည်းလေး


ဘီးကုပ်လေးတွေကလည်း လူငယ်မိန်းကလေးတွေအကြိုက် Hair Accessories လေးဖြစ်တာမို့ ပုဝါကို Headband ပုံစံလေးပတ်ပြီး ခပ်လျော့လျော့စည်းကြည့်ပါ။ Outfit အရောင်လေးနဲ့တိုက်ပြီးစည်းရင် ဖက်ရှင်ကျပြီး ပိုလှပါတယ်။

Photo Source: Pinterest
By MyStyle Myanmar