သင်မိတ်ကပ်လိမ်းတဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ် ကျေနပ်မှုမရှိဘူးလို့ ခံစားနေရလား။ တချို့မိန်းကလေးတွေဆို မိတ်ကပ်သားညပ်ညပ်လေးနဲ့ ကြည့်ကောင်းနေတတ်ပါတယ်။ သင်လည်း ဒီလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်က ဘာကြောင့် မိတ်ကပ်လိမ်းတာ စိတ်တိုင်းမကျဖြစ်နေသေးလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်ပေးပါနော်-

၁။ ဖောင်ဒေးရှင်းလွဲတာ


ဖောင်ဒေးရှင်းက မိတ်ကပ်လိမ်းခြင်းရဲ့ အခြေခံပါပဲ။ သင့်အသားအရေနဲ့ မတူတဲ့ ဖောင်ဒေးရှင်း အရောင်ကို ရွေးချယ်ထားရင် ထင်သလောက်လှမှာ မဟုတ်ပါဘူး။ သင့်မျက်နှာနဲ့ နီးစပ်တဲ့နေရာတစ်နေရာမှာ ဖောင်ဒေးရှင်းအရောင်ကို စမ်းသပ်နိုင်ပါတယ်။

၂။ မျက်လုံးအောက် Concealer


လူအများစုက မျက်လုံးအောက်မှာ Concealer လိမ်းဖို့ မေ့လျော့တတ်ကြပါတယ်။ ရလဒ်အနေနဲ့ သင့်မျက်နှာချောချောလေးက အမည်းစက်တွေ ပေါ်ပြီးကြည့်မကောင်းဖြစ်တတ်ပါတယ်။ မျက်လုံးအောက် ညိုနေတဲ့အခါ တခြားနေရာလှလည်း အဆင်မပြေဖြစ်တတ်ပါတယ်။

၃။ Blending


သင့်ဖောင်ဒေးရှင်းကို တစ်သားတည်းဖြစ်ဖို့ ညီညီညာညာ ဖြန့်ပေးရပါမယ်။ ဒါကို blend လုပ်တယ်လို့ခေါ်ပါတယ်။ မှန်ကန်တဲ့ Brush ဒါမှမဟုတ် Beauty sponge ကို သုံးပေးသင့်ပါတယ်။ သင့်အောက်ခံ ဖောင်ဒေးရှင်းကို သေချာ Blend မှ ချောချောမွေ့မွေ့ဖြစ်မှာပါ။

၄။ ပါးနီနေရာလွဲနေတာ


သင့်ပါးနီကို ဘယ်နားမှာခြယ်လေ့ရှိလဲ။ သင့်ပါးစောင် မို့မို့လေးအပေါ်မှာ ခြယ်ရမှာပါ။ နှာခေါင်းနဲ့ နီးတဲ့နေရာမှာ မခြယ်သင့်ပါဘူး။

၅။ Liner ဆွဲတာ မလှတာ


Eyeliner ဆွဲတတ်ဖို့က လေ့ကျင့်မှ အဆင်ပြေမှာပါ။ သင်ဆွဲတာ တလွဲဖြစ်သွားရင် သင့်မျက်နှာတစ်ခုလုံးကို မလှမပဖြစ်စေနိုင်ပါတယ်။ Eyeliner ဆွဲတာ ပီပြင်ဖို့ ဒေါင့်ချိုးတွေကို အတင်းကွေးလိုက်တာမျိုး သတိထားသင့်ပါတယ်။

၆။ Smokey Eye မခြယ်တတ်တာ


Smokey Eye က ခြယ်တတ်ရင်ခြယ်တတ်သလို သင့်ကိုဆွဲဆောင်မှုရှိစေပါတယ်။ မခြယ်တတ်ရင် သေချာလေ့လာပြီးမှ လုပ်တာကောင်းပါတယ်။

၇။ နှုတ်ခမ်းနီ


နှုတ်ခမ်းနီကို လည်းဆိုးလိုက်ရင်ပြီးရောဆိုတဲ့ အတွေးမျိုးမထားသင့်ပါဘူး။ ကိုယ့်နှုတ်ခမ်းသားကို ဘယ်နားမှာ ပိုသိသိသာသာထားလိုက်ရင် ပိုလှမလဲ ကြိုသိထားသင့်ပါတယ်။

၈။ မျက်ခုံး


မျက်ခုံးခြယ်တာကတော့ပြောစရာမလိုတော့ပါဘူး။ မျက်ခုံးခြယ်တဲ့နေရာမှာ သေသေချာချာ လှလှလေးဖြစ်နေမှ မျက်နှာတစ်ခုလုံးပိုလှစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar