တချို့ မိန်းကလေးတွေက သူငယ်ချင်းထက် ချစ်သူအပေါ် ပိုအချိန်ပေးပြီး ပိုအာရုံစိုက်တတ်ကြပါတယ်။ သူငယ်ချင်းတွေကို ခေါက်ထားပြီး ပျော်မွေ့တတ်ကြပါတယ်။ အချစ်ရေး အဆင်မပြေတော့မှ သူငယ်ချင်းတွေကို အချိန်ပေးရကောင်းမှန်း သိလာကြပါတယ်​။

သူငယ်ချင်းတွေက ရည်းစားထက် အများကြီး ပိုသာနေကြောင်း အောက်ဖော်ပြပါ အချက်တွေက သက်သေပြနေပါတယ်။

၁။ သစ္စာမဖောက်တတ်ဘူး

သင့်မှာသာ သူငယ်ချင်း အစစ်အမှန်တွေ ပိုင်ဆိုင်ထားမယ်ဆိုရင် သူတို့က သစ္စာမဖောက်တတ်ကြပါဘူး။ ရည်းစားတိုင်း သစ္စာဖောက်တတ်တယ်လို့ မဆိုလိုပေမယ့် သူတို့အတွက် စိတ်ပူနေရပါတယ်။

၂။ တစ်ညတာ အချိန်ကုန်ဆုံးနိုင်တယ်

သင်က မိဘတွေနဲ့ နေတဲ့သူ တစ်ဦး ဆိုရင် ရည်းစားနဲ့ ညဘက်မှာ အချိန်မကုန်ဆုံးနိုင်ပါဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ဆိုရင် လွတ်လွတ်လပ်လပ် အချိန်ကုန်ဆုံးနိုင်ပါတယ်။

၃။ သင့်အကြိုက်တွေကို နားလည်ပေးတယ်

သင်က မင်းသားတစ်ယောက်ကို ကြိုက်တယ်ဆိုရင် သင့်သူငယ်ချင်းတွေက ဒါကို နားလည်ကြပါတယ်။ ဒါပေမဲ့ ချစ်သူရည်းစားကတော့ သင့်ကို သဝန်တိုပြီး နားမလည်ပေးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

၄။ ကြိုက်တာဆွေးနွေးလို့ရတယ်

သင်တို့ သူငယ်ချင်းတွေက ကိုယ့် ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောနိုင်ပါတယ်။ ရည်းစားနဲ့ဆိုရင်တော့ မပြောဘဲ ချန်ထားရမယ့် အရာတွေ ရှိတတ်ပါတယ်။

၅။ Relationship advice တွေ တောင်းနိုင်တယ်

သင့်အချစ်ရေးကို သူငယ်ချင်းတွေနဲ့ တိုင်ပင်နိုင်ပါတယ်။ သင့်အချစ်ရေး ခံစားချက်တွေကို သူငယ်ချင်းတွေ ဆီမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ပါတယ်။ ကောင်လေးနဲ့ ဆိုရင်တော့ အဲ့လိုမရပါဘူး။

၆။ Shopping

ရည်းစားနဲ့ Shopping ထွက်ရင် ရည်းစားက စိတ်မရှည်တာတွေ ဖြစ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ ကိုယ် ဒီအင်္ကျီနဲ့ လိုက်မလိုက် သူတို့က စိတ်ရှည်ရှည် ပွင့်ပွင့်လင်းလင်း ပြောပြပါလိမ့်မယ်။ ဒါ့အပြင် စိတ်တူကိုယ်တူနဲ့ Shopping ထွက်ရတာ ပိုပျော်ဖို့ကောင်းပါတယ်။

၇။ ဖက်ရှင်အကြံပေးချက်

သင်က သင့်အဝတ်အစား လှမလှ သူငယ်ချင်းဆီမှာ ဆိုရင် ရိုးသားစစ်မှန်တဲ့ အဖြေကို ရမှာပါ။ ရည်းစားနဲ့ဆိုရင်တော့ “ချစ် ဘာဝတ်ဝတ် လှတယ်” ဆိုတဲ့ စကားမျိုးကိုပဲ ကြားရဖို့ များပါတယ်။

၈။ ဖက်ရှင်ပစ္စည်းတွေကို လဲဝတ်နိုင်တယ်

ရည်းစားရဲ့ အင်္ကျီအပွတွေကို ယူဝတ်နိုင်တာ မှန်ပေမယ့် သူငယ်ချင်းရဲ့ အဝတ်အစားတွေက ပိုသာပါတယ်။ သင်တို့ သူငယ်ချင်းတွေက ခန္ဓာကိုယ်ပုံစံ အတူတူပဲဆိုရင် တစ်ယောက်အင်္ကျီ တစ်ယောက် လဲဝတ်လို့ ရပါတယ်။ ဒီလိုပဲ ခေါင်းစည်းကြိုး၊ ကလစ်၊ ခါးပတ်၊ ဆွဲကြိုး စတာတွေကို လဲဝတ်နိုင်ပါသေးတယ်။

Photo Source: Pinterest

By MyStyle Myanmar