စိတ်ဖိစီးနေလား။ အလုပ်တွေရှုပ်နေလို့ ပင်ပန်းနေလား။

စိုးရိမ်မှု စိတ်ပူပန်မှုတွေဖြစ်နေလား။ ဆေးဝါးအကူအညီမယူဘဲ ခန္ဓာကိုယ်က ဒီနေရာလေးတွေကို ဖိလိုက်ရအောင်နော်။

ဦးရေပြား

ဦးခေါင်းနဲ့ လည်ပင်ကြားကနောက်စေ့နားကို လက်တွေနဲ့ ဖိပေးပါ။ စက္ကန့် ၂၀ လောက် လက်မ နှစ်ဖက်ကို သုံးပြီးဖိပေးပါ။

နား

နားဆိုတာ စိတ်ဖိစီးမှုကို သက်သာစေဖို့ အကောင်းဆုံနေရာတစ်ခုပါပဲ။ နားအတွင်းထဲကိုမဟုတ်ဘဲ အခုပုံမှာပြထားတဲ့နေရာကို ဘောပင် (သို့) နားကြပ်တံနဲ့ ဖြည်းဖြည်းချင်း ထောက်ပေးပါ။ အဲလိုလုပ်နေစဉ်မှာ အသက်ကို ဖြည်းဖြည်းချင်းရှုပါ။

ရင်ဘတ်

ရင်ဘတ်ကလည်း စိုးရိမ်မှုတွေ စိတ်ခံစားချက်ပုံမှန်မဟုတ်တာတွေအတွက် အထူးကောင်းမွန်ပါတယ်။ ရင်ဘတ်ရဲ့ အလည်ဗဟိုတည့်တည့်ကို လက် ၃ ချောင်းလောက်နဲ့ ဖိပြီး ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ အာရုံကြောစနစ်ကို သက်သောင့်သက်သာဖြစ်စပေါတယ်။

အစာအိမ်

အစာအိမ်ရင်ခေါင်းနားကို လက်ညိုးနဲ့ဖိပေးပြီး အသက်ကို ခပ်ပြင်းပြင်းလေး ဖြည်းဖြည်းချင်းရှုပါ။

လက်ဖျံ

လက်တဒေါင်ဆစ်အပေါ်နားက လက်ဖျံကို လက်မနဲ့ သေချာဖိပေးထားပါ။ ဘယ်ရော ညာရော တစ်ဖက်ချင်းဆီ ဖိပေးရပါမယ်။

လက်ဖဝါး

စိတ်ဖိစီးမှုတွေ စိုးရိမ်သောကတွေကို သက်သာစေဖို့ လက်ဖဝါးရဲ့ အလည်ကို လက်မနဲ့ သေချာဖိပေးထားပါ။ ဘယ်ရောညာရော တစ်ဖက်ချင်းဖိပေးရမှာပါ။

ကြွက်သား

ခြေသလုံးနားက ကြွက်သားကို လက်မနဲ့ ၁ မိနစ်လောက်ဖိပေးပါ။ ဘယ်ရောညာရော လုပ်ပေးပါ။

ခြေထောက်

ခြေဖဝါးရဲ့ ဘေးဖက် ပုံမှာပြထားတဲ့နေရာမှာ လက်မနဲ့ သေချာဖိပေးပါ။ ထိရောက်ပြီး ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းမို့ မိမိချစ်သူခင်သူ စိတ်ညစ်နေတဲ့အခါ စိတ်ဖိစီးနေတဲ့အခါ ဒါလေးတွေ လုပ်ပေးလိုက်နော်။