မင်္ဂလာပါ ပျိုမေတို့ရေ။ ဓာတ်ပုံထဲမှာလှမလှဆိုတာ ကိုယ့်ရဲ့အပြင်ပုံ ပိန်တာဝတာထက် ကင်မရာရှုထောင့်နဲ့ Pose ပေးတဲ့ အနေအထားတွေအပေါ်မှာလည်း တိုက်ရိုက်ဆိုင်ပါတယ်နော်။ ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားမှန်မှန်နဲ့ Pose ပေးတတ်မယ်ဆိုရင် Photoshop တွေနဲ့တောင် ပြင်စရာမလိုပါဘူး။ သူ့အလိုလို အချိုးအစားကျပြီး အဆီပိုတွေ မသိသာတော့အောင် လှည့်စားလိုက်သလို ဖြစ်မှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့ သိထားသင့်တဲ့ ဓာတ်ပုံထဲမှာ ပေါင်တံပိုသွယ်သလို မြင်ရအောင် Pose ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တိုင်း အမြဲ ပေါင်တုတ်နေသလို မြင်ရလို့ မရိုက်ရဲဖြစ်နေသူတွေအတွက် အသုံးဝင်စေမယ့် Pose အိုင်ဒီယာတွေဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်။

ကင်မရာရှေ့တည့်တည့်လှည့်၊ ခြေထောက်စုပြီး မရပ်ပါနဲ့။ ခန္ဓာကိုယ်ကို ခပ်စောင်းစောင်းလေးထားဖို့လိုပါတယ်။ အောက်မှာပြထားသလို ခြေထောက်တစ်ချောင်း ရှေ့ထုတ်ပြီး Pose ပေးပါ။

တကယ်လို့ ခန္ဓာကိုယ်တည့်တည့်ထားပြီး ရိုက်မယ်ဆိုရင် ခြေထောက်တစ်ချောင်းကို ရှေ့ထုတ်ပြီး ကြက်ချေခတ်ပုံစံထားပေးရပါမယ်။ ခြေထောက်တစ်ဖက်ဖုံးသွားတာမို့ Body Shape လေးပေါ်ပြီး ပုံထွက်ပိုလှပါတယ်။


ပေါင်တံနှစ်ခုကပ်နေသလို မမြင်ရအောင် မတ်တပ်ရပ်တဲ့အခါ တင်ပါးကိုအနောက်ဘက် ပင့်ပေးပါ။


ဘေးလှည့်ပြီး ဒူးတစ်ဖက်အနည်းငယ်ကွေးကာ Pose ပေးတာကလည်း ပေါင်တံတွေမမြင်ရအောင် အာရုံလွှဲလိုက်သလိုဖြစ်ပြီး စမတ်ကျပါတယ်။

ခြေထောက်တစ်ဖက်ထုတ်ကာ ဒူးအနည်းငယ်ကွေးပြီး ခြေဖျားလေးထောက်ပေးပါ။ အပေါ်က စီးရိုက်တာမျိုးကို ရှောင်ပြီး အောက်နားကနေ ပင့်ရိုက်ပေးမယ်ဆိုရင် ခြေတံရှည်သွားသလိုပါ မြင်ရမှာပါ။


ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး ရှေ့ထုတ်ကာ နောက်မှာရှိတဲ့ခြေထောက်နဲ့ တစ်တန်းတည်းဖြစ်အောင်ထားလိုက်ပါ။ ခြေထောက်တစ်ချောင်းလုံးကွယ်သွားတာမို့ ကြီးနေမှန်း လုံးဝမသိသာပါဘူး။


Mirror Selfie ရိုက်တဲ့အခါ ဒီလို ခြေထောက်တစ်ချောင်းထောင်ထားတဲ့ပုံလေးတွေ၊ ရှေ့ဘက်နဲ့ ဘေးဘက်ထုတ်ပြီး ခန္ဓာကိုယ်ပါယိမ်းနေတဲ့ Pose လေးတွေ Try ကြည့်သင့်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ ခုံနောက်ထိတိုးပြီးထိုင်တာထက် အစွန်းလေးမှာထိုင်ပြီး ခြေထောက်တွေကိုခပ်လျော့လျော့ထားပေးပါ။ နောက်ကိုတိုးပြီးထိုင်တာက ပေါင်သားတွေတက်နေသလို မြင်ရတတ်ပါတယ်။


ထိုင်တဲ့အခါ ခန္ဓာကိုယ်နဲ့ ခြေထောက်တွေကို တစ်ဖက်တည်းလှည့်ပြီး ခြေထောက်ချိတ်ထားတာကလည်း ဓာတ်ပုံထဲမှာကျော့ရှင်းနေစေမယ့် Pose လေးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar