လက်သည်းနီဆိုးတဲ့အခါ အားအရမ်းစိုက်ပြီးပုံဖော်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်တိုင်လည်း ဆိုးလို့ရမယ့် နှစ်ရောင်စပ် အရောင်ပြေးလက်သည်းနီဒီဇိုင်းအရောင်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံစံလေးတွေက အမြင်လည်းရှင်းပြီး လက်သည်းအတိုအရှည်မရွေး၊ အသားအရောင်မရွေး လိုက်ဖက်နေမှာဖြစ်လို့ လက်သည်းနီဆိုးရတာကြိုက်တဲ့ပျိုမေတို့ စမ်းဆိုးကြည့်ဖို့မမေ့ပါနဲ့နော်။

နှစ်ရောင်စပ်လက်သည်းနီကို ကိုယ်တိုင်ဆိုးနည်းလေးကတော့ သင့်မှာရှိတဲ့ Makeup Sponge ကို လက်သည်းအရွယ်အစားလောက်ဖြစ်အောင်ညှပ်ပြီး သင်စပ်ဆိုးမယ့်အရောင်တွေကို Sponge ပေါ် တစ်လွှာခြင်းဆိုးပေးရတာမျိုးပါ။ ပြီးရင်တော့ အရောင်အနည်းငယ် Blend သွားပြီဖြစ်တဲ့ Sponge ကို သင့်လက်သည်းမှာ ခပ်ဖွဖွဖိကပ်ပြီး ပြန်ညှိပေးလိုက်ရုံပါပဲ။ မဆိုးခင်နဲ့ ဆိုးပြီးမှာ အရောင်ခံပြီးညီစေဖို့ Base Coat ၊ Top Coat တို့ကိုသုံးပေးရပါမယ်။ ဒီတော့ စပ်ဆိုးနိုင်မယ့် ဒီဇိုင်းနဲ့ အရောင်လေးတွေကိုကြည့်လိုက်ရအောင်-
၁။ Nude To Lavender

အောက်ပိုင်း Nude အရောင်လေးကနေ လာဗင်ဒါဘက်ပြောင်းသွားတဲ့အရောင်စပ်လေးက အရောင်ငြိမ်ငြိမ်လေးနဲ့ Classic ဖြစ်စေတဲ့ပုံစံလေးပါ။
၂။ Ombre Accent Nails

လက်ငါးချောင်းလုံး အရောင်စပ်ပုံချင်းမတူညီအောင်ဆိုးတဲ့ပုံစံမျိုးလည်း ဆိုးကြည့်နိုင်ပါတယ်။ တစ်မျိုးဆန်းပြီးလှနေတာကိုတွေ့ရမှာပါ။
၃။ Neon Ombre

Neon အရောင်လို အရောင်တောက်တောက်လေးတွေနဲ့စပ်ဆိုးတာကလည်း သင့်လက်သည်းကိုထင်းပြီး အထာကျစေပါလိမ့်မယ်။
၄။ Glitter Ombre

အောက်ခံအရောင်ဖျော့ဖျော့လေးဆိုးပြီး Glitter လက်သည်းနီကို လက်သည်းထိပ်နားမှာ ဖြည့်ဆိုးပေးလိုက်တာလည်း ဆိုးရလွယ်တဲ့အပြင် တောက်တောက်လေးနဲ့ Fancy ဖြစ်တဲ့ပုံစံကိုရစေမှာပါ။
၅။ Black Ombre

အရောင်အရင့် အနက်ကိုကြိုက်တဲ့သူတွေအနေနဲ့ ဒီလိုအတွဲအစပ်လေးကိုဆိုးပေးသင့်ပါတယ်။
၆။ Ombre French Tip

အရောင်အဖျော့လေးတွေကြိုက်တဲ့သူတွေအနေနဲ့ ဒီလို ပန်းနုရောင်နဲ့ နို့နှစ်ရောင်လေးရောထားတဲ့ ပုံစံလေးဆိုးကြည့်ပါ။ နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြင် မဆိုးထားသလို သဘာဝဆန်ဆန်လက်သည်းလေးကိုရရှိစေပါလိမ့်မယ်။
၇။ Red Ombre

အနီကိုမှ အရောင်ဖျော့ဖျော့နဲ့မစပ်ဘဲ ပုံထဲကလို အရောင်မှောင်ပြီးအနက်ဘက်သွားတာမျိုးနဲ့ စပ်ဆိုးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အထာကျတာကြောင့် ဂျစ်ကန်ကန် လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့်ပုံစံမျိုး ဖြစ်ပါတယ်နော်။
၈။ Flaming Ombre

ပုံဖော်ရတာကြိုက်တဲ့သူတွေအနေနဲ့ကတော့ မီးတောက်လိုပုံစံလေးတွေပုံဖော်ပြီး အရောင်စပ်ဆိုးတာမျိုးပြုလုပ်နိုင်ပါတယ်။ ဒီပုံစံကလည်း တစ်မူထူးခြားပြီး အထာကျစေတာကြောင့် ခေတ်ဆန်ဆန်လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်စေမှာပါ။
Photo Sourc: Pinterest
By MyStyle Myanmar