မင်္ဂလာပါ။ စာဖတ်သူတို့ထဲမှာ အခုမှ တက်တူးစထိုးကြည့်ဖို့ ကြိုးစားနေတဲ့သူတွေရှိလား။ ဒါပေမယ့် ပထမဆုံးဖြစ်လို့ ဘယ်လိုပုံလေးထိုးရမလဲ ရွေးရခက်နေတယ်ဆိုရင် ရှည်ရှည်ဝေးဝေးခေါင်းစားနေဖို့ မလိုတော့ပါဘူးနော်။ ပထမဆုံးတက်တူးလေးကို နောင်တကင်းကင်းနဲ့ထိုးနိုင်ဖို့ ဒီတစ်ခေါက်မှာ တက်တူးစထိုးမယ့်သူတွေအတွက် သင့်တော်တဲ့ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြင်မရိုင်းဘဲ ရှင်းရှင်းလေးနဲ့လှသလို ဘယ်တော့မှမရိုးတဲ့ အခြေခံဒီဇိုင်းလေးတွေဖြစ်လို့ တက်တူးစိတ်ဝင်စားသူတိုင်း အကြိုက်တွေ့စေမှာပါ။

အရွယ်အစားကြီးကြီးသေးသေး ကြည့်ကောင်းတဲ့ လခြမ်းဒီဇိုင်းလေး


လူတိုင်းကြိုက်တဲ့ ပန်းပုံလေးတွေ


သစ္စာရှိခြင်း၊ ပြန်လည်မွေးဖွားခြင်းနဲ့ လွတ်လပ်ခြင်းကို ကိုယ်စားပြုတဲ့ လိပ်ပြာပုံလေး

အမြဲအတူရှိနေသလို အမှတ်တရဖြစ်စေမယ့် အိမ်မွေးအကောင်ပုံလေးတွေ


သူငယ်ချင်းတွေနဲ့အတူထိုးမယ့်သူတွေအတွက် အတောင်ပံပုံစံလေး


ကမ်းခြေကြိုက်တဲ့သူတွေအတွက် ရေလှိုင်းနဲ့ Sunset တက်တူးလေး


ဘဝအတွက် Reminder တစ်ခုလိုအားဖြစ်စေမယ့် စာစုလေးတွေ


ဘယ်နေရာမှာပဲထိုးထိုး ချစ်စရာကောင်းနေမယ့် အသည်းပုံလေးတွေ

Photo Source: Pinterest, preview.ph

By MyStyle Myanmar