သင်က ဝိတ်လျော့ဖို့ ကြိုးစားနေသူတစ်ယောက်လား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်ဆိုးများကို ညအချိန်မှာ မပြုလုပ်မိအောင် သတိပြုသင့်ပါတယ်။

အိပ်ရေးဝအောင် မအိပ်စက်ခြင်း

ညဘက်မှာ နှစ်ခြိုက်စွာ မအိပ်စက်တဲ့အခါ သင့်ရဲ့အစား စားချင်စိတ်ကလည်း တိုးမြှင့်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ရက်ကို ၈ နာရီခန့် အိပ်စက်အနားယူသင့်ပါတယ်။

ညစာ အလွန်အကျွံ စားသုံးခြင်း

ညဘက်မှာ သင့်ရဲ့အစာချေစနစ်က နှေးကွေးနေတဲ့အချိန်ဖြစ်ပါတယ်။ ထိုအချိန်မှာ ညစာကို အလွန်အကျွံစားမိတဲ့အခါ အစာမကြေဖြစ်ပြီး သင့်ကို အဝလွန်စေမှာပါ။ ဒါ့ကြောင့် ညစာ စားတဲ့အခါ နည်းနည်းပဲ စားသင့်ပြီး ပရိုတင်းနှင့် ဟင်းသီးဟင်းရွက်များများ စားသင့်ပါတယ်။

ညစာ စားပြီးပြီးချင်း အိပ်ရာဝင်ခြင်း

ညစာ စားပြီးပြီးချင်း အိပ်ရာဝင်တဲ့အခါ အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်မှာ အဆီပိုများ စုပုံလာပါလိမ့်မယ်။ ဒါ့ကြောင့် ညစာ စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၁ နာရီခွဲ၊ ၂ နာရီခန့် ခြားထားသင့်ပါတယ်။

ဆီကြော်စာများကို ညစာအဖြစ် စားသုံးခြင်း

ဆီကြောစာများမှာ ကယ်လိုရီအများအပြား ပါဝင်ပြီး ညစာအဖြစ် စားသုံးမိတဲ့အခါ ခန္ဓာကိုယ်မှာ အဆီပိုများ စုပုံလာမှာဖြစ်ပါတယ်။ ညစာအဖြစ် အသင့်တော်ဆုံးအစားအစာများကတော့ ကင်ထားသော (သို့) မီးဖုတ်ထားသောာ (သို့) ပေါင်းထားသော အစားအစာများပဲဖြစ်ပါတယ်။

စပ်လွန်းသောအစာအစာများကို ညစာအဖြစ် စားခြင်း

စပ်လွန်းသော အစားအစာများက သင့်ကို ညဘက် အိပ်ရေးပျက်အောင် ပြုလုပ်ပြီး ရင်ပူစေမယ့်အပြင် ဗိုက်နာစေပါတယ်။ သင့်အနေနဲ့ စပ်တဲ့အစားအစာကို ကြိုက်တယ်ဆိုရင်တောင် ညဘက် မစားသင့်ပါဘူး။

ညဘက်မှာ အချိုပွဲ သုံးဆောင်ခြင်း

သကြားနှင့် ဂျုံမှုန့်တို့ဖြင့် ပြုလုပ်ထားတဲ့ အချိုစာများက ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ အဆီများအဖြစ် ပြောင်းလဲသွားပါတယ်။ ထိုအဆီပိုများကို ညဘက်မှာ ချေဖျက်ရခက်ပါတယ်။ ညဘက်မှာ အချိုတဲချင်တယ်ဆိုရင်တော့ သစ်သီးများ စားသုံးပါ။

ညစာ မစားဘဲနေခြင်း

ဝိတ်လျော့ဖို့အတွက် ညစာရှောင်ခြင်းက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ညစာရှောင်ခြင်းကြောင့် ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်မရှိတော့ဘဲ ကြွက်သားများ ဆုံးရှုံးသွားပြီး အသားအရေက လျော့တိလျော့ရဲဖြစ်သွားတတ်ပါတယ်။

အရက် (သို့) ကော်ဖီသောက်ခြင်း

ညဘက်မှာ အရက် (သို့) ကော်ဖီသောက်ခြင်းက သင့်ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထိုဖျော်ရည်ထဲမှာ ကယ်လိုရီအများအပြားပါဝင်ပြီး သင့်ကို ဝိတ်တက်စေပါတယ်။ ညဘက်မှာ သောက်သုံးသင့်တဲ့ ဖျော်ရည်များကတော့ သစ်သီး Smoothies ဖျော်ရည် (သို့) နွားနို့ပူပူလေးတစ်ခွက် သောက်သုံးသင့်ပြီး နောက်ဆုံး အိပ်ရာဝင်ခါနီးမှာတော့ ရိုးရိုးရေတစ်ခွက် သောက်သုံးသင့်ပါတယ်။

Source: Brightside.me