လူငယ်ဆန်ဆန် ကြည့်ကောင်းချင်တဲ့ ပျိုမေတိုင်းမှာ ဘောင်းဘီရှည်တစ်ထည်တော့ ရှိထားသင့်ပါတယ်။ ဘောင်းဘီရှည်တစ်ထည်နဲ့ အင်္ကျီမျိုးစုံ ပြောင်းဝတ်လို့ရပါတယ်။ သင့်အနေနဲ့ကော လက်ရှိမှာ ဘယ်လို ဘောင်းဘီပုံစံကို ပိုင်ဆိုင်ထားပြီလဲ။

စတိုင်ကျကျ နဲ့ လန်းချင်တဲ့ ပျိုမေတို့ အဖို့ အောက်မှာ ပြထားတဲ့ ဘောင်းဘီအမျိုးအစားတွေထဲက အနည်းဆုံး နှစ်မျိုးလောက်တော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ ဘယ်လိုပုံစံတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ခေါင်းလောင်းဘောင်းဘီ

အပေါ်ဘက်က အကျပ်နဲ့ အောက်ဘက် ပွသွားတဲ့ ဘောင်းဘီမျိုးက သင့်ပုံစံကို ခပ်လန်းလန်းနဲ့ အထာကျနေစေမှာပါ။

၂။ ဂျင်းဒဲ့ပွ

ဂျင်းဒဲ့ပွ ဘောင်းဘီရှည်ထဲ အင်္ကျီထည့်ပြီး စတိုင်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

၃။ ဘောင်းဘီအပွ

အပေါ်က Crop Top နဲ့ ဘောင်းဘီအပွက အလိုက်ဖက်ဆုံးဆိုတာကိုတော့ ပျိုမေတိုင်း သိပြီး ဖြစ်မှာပါ။

၄။ ခြေမျက်စိဖုံး ဘောင်းဘီအရှည်

ခြေမျက်စိဖုံးတဲ့ အထိ ရှည်တဲ့ ဘောင်းဘီတွေက ဒေါက်ဖိနပ် ဝတ်တာပဲဖြစ်ဖြစ်၊ Sneaker ဝတ်ပြီးပဲဖြစ်ဖြစ် ဘယ်လိုဝတ်ဝတ် သင့်ကို အထာကျစေမှာပါ။

၅။ Ripped Jeans

ဂျင်းဘောင်းဘီ အပြဲက ဂျစ်ကန်ကန် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဂျင်းဘောင်းဘီ အပြဲ ကြိုက်တဲ့သူတွေဆိုရင် ဒီဘောင်းဘီဝတ်တိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမှာပါ။

၆။ ဂျင်းအနက် အကျပ်

ပိုပိန်တယ်လို့ ထင်ရဖို့ အနက်က သင့်အတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အနက် ဘောင်းဘီအကျပ်က အင်္ကျီတိုင်းနဲ့ လိုက်ဖက်ပါတယ်။

၇။ အဖြူရောင်ဘောင်းဘီ

တည်ငြိမ်တဲ့ အလှနဲ့ လှချင်တဲ့ ပျိုမေတို့အတွက် အဖြူရောင်ဘောင်းဘီရှည်က မရှိမဖြစ်ပါပဲ။

၈။ သားရေပင်ကြိုးအကြီးနဲ့ ဖဲကြိုးဘောင်းဘီအပွ

ဒီဘောင်းဘီ အမျိုးအစားက ခရီးသွားတဲ့အချိန် သင့်တော်ပါတယ်။ ဝတ်လိုက်တိုင်း သင့်ကို ပေါ့ပါး သွက်လက်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar