ခါးသေးဖို့အတွက်ပဲ သီးသန့် Exercise လုပ်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ခါးသေးသွယ်ဖို့ အထိရောက်ဆုံးသော Twist Exercise 8 မျိုးကို မျှဝေပေးလိုက်ပါတယ်။ အားလုံးက အိမ်မှာလုပ်လို့ရတာတွေဖြစ်လို့ ခါးသေးချင်တယ်ဆိုရင်တော့ Try ကြည့်သင့်ပါတယ်။

1. Russian twist

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး လက်နှစ်ဖက်ကိုလည်း အဲ့အတိုင်းလုပ်ထားရင်းနဲ့ ခါးကိုဘယ်လှည့် ညာလှည့် လုပ်ပေးရမှာပါ။ ခြေထောက်နှစ်ချောင်းကို ကြမ်းနဲ့မထိပဲ နည်းနည်းမြှောက်ထားရပါမယ်။ အနည်းဆုံး 10 ကြိမ်မှစပြီး ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

2. Oblique V-ups

ပုံမှာလုပ်ပြထားတဲ့ အနေအထား 2 မျိုးလုံးကို ဆက်တိုက်လုပ်ရမှာပါ။ ဒီ Exercise ကတော့ နည်းနည်းခက်နိုင်ပေမယ့် သေချာလုပ်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 10 ကြိမ်တော့ ရအောင်လုပ်ပေးပါ။

3. Side crunches

ခြေထောက်နှစ်ဖက်ကို ဒူးကွေးပြီး ဘယ်လှည့်ထားပါ။ ပြီးရင် မျက်နှာကို တည့်တည့်ထားပါ။ အဲ့လိုလုပ်ထားရင် ခါးကလိမ်နေပါလိမ့်မယ်။ အဲ့အတိုင်းနေပြီး ခေါင်းနဲ့ပခုံးကို အပေါ်နည်းနည်းကြွလိုက်၊ ကြမ်းနဲ့ပြန်ထိလိုက် ပုံထဲကအတိုင်း လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 15 ကြိမ် လုပ်ပေးပါ။

4. Bicycle crunches

ဒီ Exercise ကလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ရမှာပါပဲ။ အမြန်လုပ်ရမှာဖြစ်ပေမယ့် စစချင်းမှာဆို ခက်နိုင်ပါတယ်။ ဒါကြောင့် ဖြေးဖြေးချင်းစီပဲ အရင်လုပ်သွားပြီး နောက်ပိုင်းကျရင် မြန်သွားပါလိမ့်မယ်။ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

5. Twisting mountain climbers

Mountain climbers ပုံစံမျိုးဆိုပေမယ့် သူက ဒူးကွေးလိုက်နဲ့အချိန်မှာ ခါးကိုလည်း နည်းနည်းလိမ်ရပါမယ်။ ပုံမှာလုပ်ပြထားသလို သေချာလေးလုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 လောက် လုပ်ပေးရင် ပိုကောင်းပါတယ်။

6. Seated knee drop twists

အရှေ့တည့်တည့်လှည့်ပြီးထိုင်လိုက်၊ ပုံမှာလုပ်ပြထားတဲ့အတိုင်း လှည့်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးပါ။ ခြေထောက်အနေအထားကိုလည်း ပုံထဲကအတိုင်း သေချာလေးလုပ်ပေးပါ။

7. Wood chop exercise

အလေးတုံးကို လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ အနေအထားနှစ်မျိုးလုံးပြီးမှ တစ်ကြိမ်လို့သတ်မှတ်ပြီး ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 10 ကြိမ်၊ 15 ကြိမ်လုပ်ပေးရပါမယ်။

8. Twisting plank

Plank ထောက်တဲ့အနေအထားနဲ့စနေပြီး ပုံမှာလုပ်ပြထားသလို ခါးကိုဘယ်လိမ်လိုက်၊ ညာလိမ်လိုက် ပုံစံမျိုး လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ ကိုယ်အဆင်ပြေသလောက် လုပ်ပေးနိုင်ပါတယ်။