အားလုံးပဲ မင်္ဂလာပါ။ သီချင်းတွေက လူတွေအပေါ် စိတ်ခံစားချက်အမျိုးမျိုးနဲ့ လွှမ်းမိုးနိုင်တာကို အားလုံးသိပြီးသားဖြစ်မှာပါ။ စိတ်ညစ်ပြီး ပူထူနေတဲ့အချိန် ကိုယ်အကြိုက်ဆုံးသီချင်းလေး နားထောင်လိုက်တာက မီးအပူကိုရေနဲ့ငြိမ်းလိုက်သလို စိတ်သက်သာရာရစေပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ရာသီဥတုပူပြီး စိတ်မကြည်လင်ဖြစ်နေတဲ့အချိန် ကန္တာရထဲမှာ အိုအေစစ်လေးတွေ့လိုက်ရသလို စိတ်အေးချမ်းမှုရစေမယ့် Kpop သီချင်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ နာမည်ရပြီးသားအဆိုတော်တွေရဲ့ အသံအားကောင်းကောင်းနဲ့ ခံစားချက်အပြည့် သီဆိုထားတဲ့ သီချင်းလေးတွေဖြစ်တာမို့ သံစဉ်ငြိမ့်ငြိမ့်လေးတွေ နားထောင်နေကျသူတိုင်း အကြိုက်တွေ့မှာပါ။ ဒီတော့ ပတ်ဝန်းကျင်အပူဒဏ်ကို မေ့သွားအောင် ဖန်တီးပေးမယ့် သီချင်းကောင်းလေးတွေကို ကြည့်လိုက်ရအောင်-

NCT Dream အဖွဲ့ရဲ့ “Never Goodbye”

 

အဆိုတော် Lee Hi ရဲ့ “Only”

 

BTS အဖွဲ့ဝင် JungKook ရဲ့ “Still With You”

 

EXO အဖွဲ့ဝင် D.O ရဲ့ “That’s Okay”

 

StrayKids အဖွဲ့ဝင် Seungmin ရဲ့ “Here Always”

 

အဆိုတော် SOLE ရဲ့ “Slow”

အဆိုတော် BIBI ရဲ့ “Maybe If”

 

NewJeans အဖွဲ့ရဲ့ “Hurt”

Source: Youtube

By MyStyle Myanmar