အားလုံးပဲ မင်္ဂလာပါနော်။ သင်က Funcy Accessories လေးတွေဝတ်ပြီး Selfie ရိုက်ချင်တဲ့သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်အသုံးအဆောင်လေးတွေကို ဓာတ်ပုံထဲမှာ အမြင်လည်းမရိုင်းဘဲ ပေါ်လွင်နေအောင် အလန်းစားပိုစ့်ပေးနည်းလေးတွေကို သိထားဖို့လိုပါတယ်နော်။

ဒီတစ်ခေါက်မှာ ကိုယ့်အလှကိုပံ့ပိုးပေးမယ့် Accessories လေးတွေအသားပေးပြီး Selfie ပိုစ့်ပေးနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေအတွက်အရမ်းအဆင်ပြေသလို ခေတ်ဆန်ပြီး ထူးခြားတဲ့ Pose လေးတွေဖြစ်တာမို့ သင့်အတွက် မလှတဲ့ပုံမရှိအောင် ကူညီပေးမှာပါ။


ပထမဆုံး Pose ကအရမ်းလွယ်ပါတယ်။ သင့်ရဲ့ နားကပ်နဲ့လက်စွပ်လှလှလေးတွေပေါ်အောင် ကင်မရာရှေ့မှာ ခေါင်းလေးတစ်ဖက်စောင်းပြီး မေးထောက်ပေးရမှာပါ။ ကျက်သရေရှိပြီး တောက်ပနေတဲ့ ပုံလေးရအောင် ကူညီပေးပါလိမ့်မယ်။


အပေါ်ပုံအတိုင်း နားထင်အနားကိုလက်နဲ့ဖိထားတဲ့ Pose ကလည်း နိုင်ငံခြားသူတွေ လုပ်လေ့ရှိတဲ့ပိုစ့်မျိုးဖြစ်ပြီး နေကာမျက်မှန်တပ်ထားတဲ့အချိန် ရိုက်လို့ကောင်းပါတယ်။ သင့်ကိုဓာတ်ပုံထဲမှာ လုံးဝအထာကျနေစေမှာပါ။


ဒီလို Mirror Selfie လေးတွေလည်း ရိုက်ကြည့်သင့်ပါတယ်။ သင့် Accessories တွေအပြင် Outfit ကိုပါ ထင်းနေစေမှာပါ။


နားကပ်အလှပေါ်ပြီး ယှဉ်ယှဉ်လေးနဲ့ ဓာတ်ပုံထဲမှာထင်းနေအောင် ဆံပင်သပ်တင်တဲ့ Pose ပုံစံလေးလုပ်ပေးနိုင်ပါတယ်။


နေရောင်ထဲထွက်ပြီး တစ်ဖက်လှည့်ရိုက်ပေးပါ။ Accessories လေးတွေတောက်ပြီး ကျော့ရှင်းတဲ့အလှမျိုး ရစေမှာပါ။


မိတ်ကပ်မပါဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ မျက်နှာကိုတစ်ခြမ်းလောက်ပဲထည့်ပြီး နားကပ်လေးတွေ အသားပေးထားတဲ့ ပိုစ့်မျိုးပြုလုပ်နိုင်ပါတယ်။


အောက်ကပင့်ရိုက်တဲ့ပုံစံကလည်း ဝတ်ထားတဲ့ လည်ဆွဲလေးတွေကိုလုံးဝထင်းနေစေမယ့် ထူးထူးခြားခြား Pose လးဖြစ်ပါတယ်။


ဒီလို လက်ချောင်းလေးတွေကော့ပြီး ရင်ဘတ်မှာကပ်ထားတဲ့ Pose လေးက လုပ်ရလွယ်သလို လူငယ်ကောင်မလေးတွေကြားမှာလည်း ရေပန်းစားပါတယ်။ သင့်ကိုလူငယ်ဆန်ဆန် အထာကျတဲ့ ပုံလေးတွေရစေမှာပါ။

Photo Source: Pinterest, Preview.ph