ဖိလစ်ပိုင် မင်းသမီး Andrea Brillantes ကိုတော့ သင်က ဖိလစ်ပိုင်ဇာတ်လမ်းတွေ ကြည့်ဖူးရင် ရင်းနှီးမှာပါ။ Andrea Brillantes က ကလေးသရုပ်ဆောင်အဖြစ်ကနေ အခုဆိုရင် အောင်မြင်တဲ့ လူငယ်အနုပညာရှင် မင်းသမီးလေး ဖြစ်နေပါပြီ။ အသက်အရွယ် တစ်ခု ရောက်လာလေ ပိုလှလာလေထဲမှာ မင်းသမီးလေး Andrea Brillantes လည်း ပါဝင်ပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ Andrea Brillantes လေးက Instagram မှာ ပုံလှလှလေးတွေ တင်ပေးတတ်ပါတယ်။ သူမရဲ့ ပို့စ်ပေးနည်းတွေက အိုင်ဒီယာ ဖန်တီးမှု ကောင်းတဲ့အပြင် တချို့ပုံစံတွေက ကင်မရာရှေ့ ပို့စ်ပေးဖို့ ရှက်နေတဲ့ ပျိုမေတို့အတွက်တောင် အသုံးဝင်နေပါသေးတယ်။

ဒီထဲမှာတော့ ဓာတ်ပုံရိုက်ဖို့ ရှက်တဲ့ ကောင်မလေးတွေ နမူနာယူနိုင်မယ့် Andrea Brillantes ရဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။

အနီးကပ် ရိုက်ချက်

အနီးကပ် ရိုက်တာက ဓာတ်ပုံမရိုက်တတ်သူတွေအဖို့ အူကြောင်ကြောင် နိုင်ပေမယ့် တခြားနေရာ ကြည့်လိုက်တာက ကင်မရာကို ကြည့့်စရာ မလိုတော့ပါဘူး။ သင့် မိတ်ကပ် Look ကို ပြချင်ရင် ဒီ Pose က အဆင်ပြေပါတယ်။

ထိုင်ခုံမှာ ထိုင်မယ်ဆိုရင်တော့ ကင်မရာကို ဒီအတိုင်း စိုက်မကြည့်ဘဲ ခြေချိတ်ကာ တခြားဘက် လက်ထောက်ရင်း ငေးနေနိုင်ပါတယ်။ အပြုံးလေး ပါရင်တော့ အသက်ပေါ့။

Side Profile Shot က ကင်မရာကို မကြည့်ချင်သူတွေအတွက် ကွက်တိပါပဲ။ Andrea Brillantes လို နောက်ခံ Background လှရင် ပိုအဆင်ပြေပါမယ်။

သင်က ကင်မရာကို တစ်တန်းတည်း မကြည့်ချင်ရင် Level အနိမ့် အပေါ်ကနေ စိုက်ကြည့်တဲ့အခါ ကင်မရာရှေ့ အဲ့လောက် ကြောက်စရာ မကောင်းတော့ပါဘူး။ ဒါ့အပြင် ဒီပို့စ်က OOTD အတွက်လည်း သင့်တော်နေပြန်ပါတယ်။

သင်က လက်ကို ဘယ်နားထားရမှန်းမသိရင် ဆံပင်ကို လက်နဲ့ အပေါ်တင်လိုက်တာ ဒါမှမဟုတ် နေကာတဲ့ ပုံစံလုပ်နိုင်ပါတယ်။

လက်ကို ရင်ဘတ်ပေါ် တင်ပြီး ရှေ့ဘက် ကိုယ်ကို ကိုင်းလိုက်တာက ခန္ဓာကိုယ် ကောက်ကြောင်း ပိုပေါ်စေပါတယ်။ ခေါင်းလေးကို စောင်းလိုက်တာက ကင်မရာဘက် ကြည့်စရာ မလိုတော့ပါဘူး။

လက်ကို နောက်ပစ်ပြီး ခေါင်းလေး စောင်းထားလိုက်တာက သင့်ရဲ့ Sweet Vibe ကို ပိုပီပြင်စေပါလိမ့်မယ်။ မင်းသမီးလေး Andrea Brillantes လိုပေါ့။

Mirror Selfie က ကင်မရာရှေ့ ရှက်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်မှာပါ။ Andrea Brillantes လို မှန်ရှေ့က သင့်ပုံကို အာရုံစိုက်သင့်ပါတယ်။

Photo Source: Preview.ph

by MyStyle Myanmar